Join MultiplyOpen a Free ShopSign InHelp
MultiplyLogo
SEARCH

The Pictures show What I am doing!

ထိုင်းနိုင်ငံအတွင်းနှင့် နယ်စပ်ဒေသများတွင်ရှိသော အင်တာနက်မှ မထိုင်နိုင်၍ ဖုန်းဖြင့် နေ့စဉ်နံနက်စောစောတွင် ပုံမှန်ကြိုးစားအားထုတ်ကြပါသော ဖုန်းယောဂီများအတွက် အဆင်ပြေစွာဖြင့် တရားအားထုတ်နိုင်ရန် ဖုန်းပျက် သွားပြီး လိုအပ်နေ ချိန်တွင် လှူဒါန်းသွားသော အလှူရှင် များ အား ကျေးဇူးတင်စွာ မှတ်တမ်းတင် အပ်ပါ သည်။ ထိုင်းဖုန်းဖြင့် ဖရီးကောလုပ်၍ တရားအားထုတ် ကျင့်ကြံကြေ သာ ယောဂီများ အတွက် နောက် ထပ်လိုအပ်သော ဖုန်းအတွက် LG ဖုန်းအလှူရှင်မှာ မကာအိုနိုင်ငံမှ မမိုးသူမိသားစု

နှင့်

နောက်ဆုံးပေါ် Xperia TM Ray Sony Ericsson Android 2.3 Smartphone ဖုန်း အလှူရှင်များဖြစ်ကြသော ကိုးရီးယားနိုင်ငံမှ ကိုကျော်ကျော်ဦး+မဥမ္မာကျော် နှင့်
ထိုင်းနိုင်ငံမှ ချင်းမိုင်ယောဂီ မချိုချိုလွင်ဦး တို့ အား ကျေးဇူးအထူး တင်ရှိပါေ ကြာင်း နှင့် ဆရာမ ဖုန်းပျက်သွား၍ ဖုန်းယောဂီများအတွက် လိုအပ်နေချိန်တွင် ဤသို့ လှူဒါန်းရသော ဒါနကုသိုလ်မှသည် မဂ်ဥာဏ်ဖိုလ်ဥာဏ်သို့  လွယ်ကူလျင်မြန်စွာကျေးဇူးပြုနိုင်ကြပါစေ...

( ဖုန်းဟန်းဆက်တလုံးကို ဖုန်းယောဂီ ၅ယောက်စီနှင့် ဖုန်းနှင့်ထိုင်သော ယောဂီများမှာ အယောက်၂၀ကျော်ရှိပါ၍ ဖုန်းဖရီးကောအတွက် လစဉ်အလှူရှင်များနှင့် ဆရာမ၏ ဖုန်းနံပါတ်၂လုံးတွင် ယောဂီ၁၀စာသာ ချိတ်နိုင်ပါ၍ မိမိတို့ အသိစိတ်ဓါတ်ဖြင့် ဖရီးကောများ လုပ်ပြီး ကျန်ယောဂီများအတွက် နေ့ စဉ် တရားထိုင်ချိန်တိုင်းတွင် ချိတ်ဆက်လှူဒါန်း သာသနာဝိုင်းပြုကြသော ဖုန်းယောဂီ အလှူရှင်များကိုလည်း အထူးကျေးဇူး တင်ပါသည်။ သာဓုသာဓုသာဓု... ဖုန်းဆက်သွယ်မှုအဆင်ပြေစွာဖြင့် အများတရားကျင့်နိုင်ရန် ဖုန်းနှင့်ပတ်သက်သမျှ ဖုန်းဖရီးကောနှင့်ပတ်သက်သမျှမှ သည် မဂ်ဥာဏ်ဖိုလ်ဥာဏ်နိဗ္ဗာန်သို့ တိုင်အောင် ကျေးဇူးပြုနိုင်ကြပါစေ...)


IMG-1441-c copy 2 copy.jpg
  

IMG-1441-c copy 2.jpg
  

xperiaray_new..e_classic.jpg
  

xperia-ray-silver.jpg
  

Snapshot_20120216_5.jpg
  

Snapshot_20120216_1.jpg
  

IMG-1441-c.jpg
  

DSC04840.JPG
  

DSC09206.JPG
  

100_0477.JPG
  

၁.JPG
  

DSC04835.JPG
  

DSC_0220.JPG
  

DSC09179.JPG
  

DSC09206.JPG
  

Snapshot_20120115_14.jpg
  

DSC_0019.JPG
  

DSC04943.JPG
  

DSC_0045.JPG
  


kotseikkosit wrote on Feb 28
ကောင်းလေစွ..ကောင်းလေစွ..ကောင်းလေစွ..။
ပကတိငြိမ်းအေးချမ်းသာကြပါစေ..။
Add a Comment
   

maythet win

သတိအစဉ်ကပ်... ကိုယ့်စိတ်ကိုယ်စစ်.. သူများစိတ်မစစ်နဲ့ ။ ကိစ္စနည်းအောင်နေ.. ပြောနေရသမျှ လုပ်နေရသမျှ သိနေရသမျှဒုက္ခချည်းပဲ။ ကိုယ်ပိုင်ကိုယ်ဆိုင်လုပ်လို့ မရ.. သူ့ သဘောသူဆောင်ပြီး ပေါ်လိုက်တိုင်းလည်း မရှိတော့တာပဲ။ သဘာဝတရားကြီးကိုက မမြဲတာပဲတကယ်ရှိနေတာ။ ကိလေသာစိတ်တွေ ဖြစ်ရင်ဖြစ်မှန်း သိအောင်ကြိုးစား။ ကိလေသာစိတ်တွေ ဖြစ်လာတာသိရင် ဖယ်ထုတ်၊ဖြတ်ချ၊ ဆက်ဖြစ်ခွင့်မပေးပါနဲ့ ။ ကိလေသာစိတ်တွေ ဖြစ်ခွင့်မရအောင် အဓိကသတိလေး အမြဲကပ်ကပ်ပြီး နှလုံးသွင်းနေရမှာကတော့ ရုပ်ခန္ဓာမှာဘာဖြစ်လာလာ “တရစပ်ဖောက်ပြန်ပျက်စီးပြီး အသစ်အသစ်တွေ အစားထိုးလိုက်တိုင်းလည်း ပျက်စီးနေတယ်”လို့  တလုံးပဲဆက်တိုက်သိပေးပါ။ နာမ်ခန္ဓာ(စိတ်)မှာ ဘာသိလာလာ၊ “သိလိုက်တိုင်းမရှိတော့ဘူး။ အသစ်အသစ် သိတိုင်းလည်း မရှိတော့ဘူး”လို့  တလုံးပဲဆက်တိုက်သိပေးနေ။ သတိကပ်သိပေးနေရပါမယ်။ စိတ်မလွတ်ပါစေနဲ့ ။ လွတ်တဲ့စိတ်ကိုပြန်ဖမ်း၊ ပျောက်သွားတာ၊ မရှိတော့တာတွေကို ထပ်သတိထား။ စိတ္မျငိမ္ဘူးလို ့ စိတ္ဓါတ္မက်ပါနဲ ့။ တသံသရာလုံးကငြိမ်အောင် မလေ့ကျင့်ခဲ့လို့ ပါ။ ဒါကြောင့်တစက္ကန့်  ကနေစပြိးလေ့ကျင့်ပါ။ ဥာဏ်တဆင့်မြင့်သူများက "တရစပ်ဖောက်ပြန်ပျက်စီး သွားနေတာကို လှမ်းလှမ်း သိလိုက်တဲ့  စိတ်တွေလည်း မရှိတော့ဘူး" လို့  စကားလုံးမပါဥာဏ်လေးနဲ့  တရစပ်သိပေးခြင်းဖြင့် ကိလေသာစိတ်ကြမ်းတွေ ၀င်ခွင့်မရအောင် အမြဲနှလုံးသွင်းပေးပါ။ အဲ့ဒါအပါယ်တံခါးပိတ်ပြီး နိဗ္ဗာန်တံခါးဖွင့်ဘို့  သော့လေးပေးတာမို့  ဖွင့်တတ်အောင် အမြဲလေ့ကျင့်ကြပါလို့ ... မေတ္တာဖြင့် မမေသက် {မျက်စိ၊နား၊နှာ၊လျှာ၊ကိုယ်၊စိတ် တံခါး၆ပေါက်မမေ့နဲ့ .... တံခါး၆ပေါက်စီက ထွက်တိုင်း ချုပ်ပျောက်တာကို ဥာဏ်ဖြင့် သိသိသိပေးနေပါ...... ဒီတံခါး၆ပေါက်က ထိုင်နေတုန်းမှာမှ ရှိတာမဟုတ်တဲ့ အတွက် အိပ်ချိန်ကလွဲလို့  အမြဲတန်း သတိကပ်နိုင်သလောက်၊ သိနိုင်သလောက် သိပေးပါ။ သိမှုလေးတွေ မမြဲတာ ဥာဏ်နဲ့ အမှန်မြင် အမှန်တွေ့ ရပါလိမ့်မယ်။ ပစ္စုပ္ပန်တည့်တည့်ရှု။ }
Email - globe9win@gmail.com