ဆရာတော်ဦးဥတ္တမနှင့်အနတ္တအကြောင်းသင်ကြားမှုများအပါအ၀င်တန်ဘိုးရှိသောသင့်အတွက်စကားစုများ။ | |
 Things To Be Done When A Family Member Is Critically Ill သေအံ့ဆဲဆဲပုဂ္ဂိုလ်သတ္တ၀ါ တစ်ဦတစ်ယောက်အား အကောင်းဆုံးဖြစ်အောင် ကူညီ စောင့်ရှောက်မှု ပြုအပ်သော အချက်များ 1. Overcoming our own fear and attachment
The best way to help someone who is dying to encourage him to have a positive, peaceful mind. That means beings free of disturbing emotions such as fear, anger, attachment, depression, etc. To be able to help someone else achieve such a state of mind ,we need to work first on our own state of mind,i.e. work on reducing our own fear,etc. If we ourselves have disturbing emotions regarding death,it will be very difficult to help another person overcome his. In ther case of loved ones, it is best to learn to let them go. Clinging to them will cause both our mind and the mind of the dying to be disturbed .so it is advisable to be calm and peaceful,willing to listen to whatever they wish to say. Be kind, sensitive and supportive, but try to avoid strong emotional reactions. သေရတော့မည်ကို ထိတ်လန့်တုန်လှုပ်မှုနှင့် တွယ်တာသော သံယောဇဉ်တွေကို ကျော်လွှားနိုင်၇န် သေခါနီးသူတစ်ယောက် စိတ်တည်ငြိမ်အေးချမ်းမှုရရှိစေ၇န်အားပေးခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ ဆိုလိုသည်မှာ ကြောက်ရွံ့ ထိတ်လန်းခြင်း၊ ဒေါသဖြစ်ခြင်း၊တွယ်တာတပ်မက်ခြင်း၊ စိတ်ဓါတ်ကျခြင်းစသည့်  အနှောက်အယှက်များဖြစ်စေသည့် စိတ်လှုပ်ရှားများ မဖြစ်ပေါ်စေ၇န် လုပ်ဆောင်ပေး၇မည်။ ဒီလို တည်ငြိမ်အေးချမ်းတဲ့ အခြေအနေဖြစ်ပေါ်လာအောင် ပထမဦးဆုံးလုပ်ပေး၇မှာက မိမိတို့ ရဲ့  ထိုသူနှင့် ပတ်သက်သည့် ပူပင်သောကစိတ်တွေကို လျှော့ချထား၇မည်။ အကယ်၍ မိမိကိုယ်တိုင် ထိုသေခြင်းတရားနှင့် ပတ်သက်ပီး တုန်လှုပ်နေမယ် ဆိုရင် သေခါနီးသူကို ကူညီဖို့ ခက်လိမ့်မည်။ သေခါနီးသူရဲ့ ချစ်ခင်တွယ်တာသူတွေကို အပြင်ကို ထွက်နေပါစေ။ သူတို့ ပြောခင်တာတွေကို နားထောင်ထားပီး လို အပ်တဲ့ အထောက်အကူပြုပေးပါ။ သို့ သော်ပြင်းပြင်းထန်ထန် တိုက်တွန်းမှု၊ တုန့် ပြန်မှုတွေကို ရှောင်ရှားပေးပါ။
2. The dying person too should be encouraged to accept death as a natural and inevitable phenomenon, and that all of us come according to our kamma and have to go according to our kamma. All beings surely die ,have always died and will always die. In the same way I shall surely die , doubt about this does not exist in me. သေခါနီးသူကိုလည်းသေခြင်းတရားဆိုသည်မှာ မရှောင်လွဲ နိုင်သည့် သဘာဝတကား တစ်ခု ဖြစ်တယ်ဆိုတာကို သတိပေးဖို့ လိုပါသည်။ ဇာတိ၇လာသူအားလုံးဟာ ကိုယ့်ကံတ၇ားအရ မွေးဖွားလာကြပီး မိမိတို့ ၏ကံကုန်သွားပါက သေဆုံးသွား၇တာပဲလို့ ဆင်ခြင်နိုင်ဖို့ ပြောပြပေးပါ။
3. He should constantly be encouraged to reflect on the good deeds that he has done ,and reassured that these wholesome deeds of his will lead him to a good rebirth and support him in his next life. I am the owner of my deeds, heir of my deeds; I originate from my deeds, am bound to my deeds ,have my deeds as my refuge. Whatever deed I do , whether good or bad , I shall be its heir. ထိုသူပြုလုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေကို ပြန်ပြီး သတိရအောင် သတိပေးနေ၇မည်။ အဲ့ဒီကောင်းမှုကုသိုလ်တွေ အား ကွယ်လွန်ပြီးသည့်နောက် ကောင်းတဲ့ ဘ၀တစ်ခုကိုေ၇ာက်အောင်လည်း အကျိုးပြုမည်။ ကိုယ့်ရဲ့ ကောင်းမှု ကံတွေဟာနောက်ဘ၀အတွက်များစွာ အထောက်အပံ့ ဖြစ်ဖို့ သေချာတဲ့ အကြောင်းသိအောင် သတိ၇လာအောင် အားပေးပါ။
4. Family members may reassure the dying person that he doen’t need to worry about them , that he should keep his mind calm and peaceful ,and that it will be allright to go when his time comes. မိသားစုများကလည်း သေခါနီးသူကို မိမိတို့အတွက် ဘာမျှမပူပန်ပါနှင့်။ ဘ၀ကူးပြောင်းဖို့ အချိန်ကျေ၇ာက်လာပြီး ဆို၇င် စိတ်နှလုံးအေးချမ်းစွာနဲ့ သွားနိုင်ကြောင်း အသိပေးပါ။
5. Give donations and do other meritorious deeds in his name and share the merit which him. If possible, get him personally involved in the meritorious act, or else he should be informed about it and he should acknowledge it. Here he is happy ,hereafter he is happy. I n both states the well doer is happy. “ Good have I done “ (thinking thus ), he is happy. Futhermore , is he happy, having gone to a blissful state. မိသားစုများက ထိုသူအနေနှင့်  အလှူဒါနများ၊ ကုသိုလ်ကောင်းမှုများ ပြုလုပ်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးပြီး ကုသိုလ်အဖို့ ကို အမျှပေးဝေပါ။ ဖြစ်နိုင်ပါက ကောင်းမှုကုသိုလ် များ ပြုလုပ်၇ာတွင် ထိုသူကိုယ်တိုင် ပါဝင် လုပ်ဆောင်နိုင်၇န် (သို့ မဟုတ်) ထိုသူအနေဖြင့် ထိုကုသိုလ် ကောင်းမှုကို ၀မ်းမြောက်ကြည်နူး၇န် အသိပေးပါ။ 6. Teach how to give up mind /doing meditation by either monks or laymen could be organized to comfort the dying person and his family members. ထိုသူနှင့် ၄င်း၏ မိသားစုများ စိတ်သက်သာမှု ရရှိစေ၇န် ဘုန်းကြီး၊ ရဟန်းများကို ဖြစ်စေ၊ လူပုဂ္ဂိုလ်များကို ဖြစ်စေ သင့်လျော်သော တ၇ားနှလုံးသွင်း ကို သတိပေးသင်ပေးပါ။
7. He should be encouraged to take refuge in the Buddha ,the Dhamma and the Sangha .
Monks could be invited afor breakfast or lunch dana and gifts in the form of requisites could be prepared for him to offer to the Sangha. ထိုသူအား ဗုဒ္ဓ၊ ဓမ္မ၊ သံဃ အရိပ်မှာ ခိုလှုံနိုင်ရန် အားပေးသင့်ပါသည်။ သံဃာတော်များ ပင့်ဖိတ်၍ အာရုံဆွမ်း၊ နေ့ ဆွမ်းစသည့် သံ ဃာများအတွက် အပ်စပ်သော ၀တ္တု ပစ္စည်းများကို လူနာအတွက် ဒါနကုသိုလ်ပြုနိုင်၇န် စီစဉ် ဆောင်ရွက်ပေးပါ။
8. IF the dying person has been practicing meditation, remind him of the importance of mindfulness. Encourage him to constantly note the arising and falling of events,viz,thoughts,memories,emotions,visions,sensory perceptions.
True it is ; householder, that your body is sickly ,solied and encumbered.For householder,who would claim even a moment’s health, carrying this body about ,except through sheer foolishness? Therefore,householder,thus you should train yourself; “ Though my body is sick, my mind shall not be sick. “ Thus, householder, must you train yourself. အကယ်၍ ထိုသူသည် တ၇ားဘာဝနာ ရှုပွားနေသူ တစ်ဦးဖြစ်ခဲ့လျှင် အမှတ်သတိနှင့် နေ၇န် အရေးကြီးကြောင်း ဘေးမှ သတိပေးနေပါ။ အစဉ်အမြဲ အ၇ာခပ်သိမ်းတို့ သည် ဖြစ်ပြီး ပျက်နေခြင်းကို ရှုမှတ်ပွားများနေရန် အားပေးပါ။ ဥပမာ။ အတွေးများ၊ သတိရစရာများ ၊ စိတ်ခံစားမှုများ အာရုံခံစားမှု စသည်တို့ ဖြစ်ပါသည်။ေ၇ာဂါဝေဒနာကြောင့်လူနာ၏ ခန္ဓာကိုယ်မှာ နေ၇ာ အနှံ့ မခံမ၇ပ် နိုင်အောင် နာကျင်သော ဝေဒနာများပေါ်နေသော်လည်း စိတ်ကို မနာရအောင် သတိပေးပါလေ။
9. Dhamma friends who are practitioners of meditation can be invited to radiate loving-kindness(metta)to the dying person to ease his suffering. In their absence , you too can do it by yourself,then to the sick person. You may mentally use words like . “ May you be well and happy. May you be free from suffering, May you be healthy. May you be at peace.” Feel the peaceful metta from your heart envelop and penetrate the heart of the sick person. Feel the vibrations that come with the loving-kindness enveloping the sick person’s body. တ၇ားဘာဝနာရှုပွားလေ့ရှိသော် ဓမ္မမိတ်ဆွေများကို ဖိတ်ခေါ်၍ သေခါနီးလူနာခံစားနေရသော ဒုက္ခဝေဒနာများ သက်သာရာရစေခြင်းငှာ မေတ္တာဓါတ်များ ပြန့် လွှင့်ခိုင်းနိုင်ပါသည်။ ထိုသို့ သော ပုဂ္ဂိုလ်များ မရှိလျှင်လည်း သင်ကိုယ်တိုင် ထိုအလုပ်ကို ပြုလုပ်ပေးနိုင်ပါသည်။ လူနာအနီးတွင် သက်သက်သာသာအနေအထားဖြင့် ထိုင်၍ ပထမ မိမိကိုယ်ကိုယ်မိမိ မေတ္တာပို့ ပါ။ ထို့ နောက်လူနာကို ထိထိေ၇ာက်ေ၇ာက် မေတ္တာပို့ ပါ။ သင်သည် စိတ်ထဲမှ အောက်ပါ စကားလုံးများကို ရွတ်ဆို၍ မေတ္တာပို့ ၇ပါမည်။ လူမမာကို အာရုံစိုက်၍ .. သင်သည်ကျန်းမာချမ်းသာပါစေ။ ခံစားနေ၇သော ဒုက္ခ၀ဋ်ဆင်းရဲမှ လွတ်မြောက်ပါစေ။ သင်ကျန်းမာေ၇းကောင်းမွန်လာပါစေ။ သင်၏နှလုံးစိတ်ဝမ်းငြိမ်းအေးပါစေ။.. ဟု မေတ္တာလွှတ်ပေးပါ။ သင်၏ နှလုံးသား၌ ငြိမ်းအေးသော မေတ္တာဓါတ်ကို ခံစားလာရသည့်အခါ လူနာ၏ နှလုံးသားအတွင်းသို့ လွှမ်းခြုံ၍ ဖောက်ထွင်းဝင်ေ၇ာက်သွားပါလိမ့်မည်။ ထိုမှတဆင့် မေတ္တာဓါတ်နှင့်အတူ ရရှိလာသော မေတ္တာလှုင်းများသည်လည်း လူနာ၏တစ်ကိုယ်လုံးသို့ လွှမ်းခြုံသွားသည်ကို ခံစား၇ပါလိမ့်မည်။
10. Helping someone who is not a Buddhist .
If the dying person belongs to another religion or has little faith in the Budddha sasana, encourage him to have faith, to pray , to have positive thoughts,etc. In accordance with his religious beliefs and practices. Do not try impose your own beiefs to convert him as this may give rise to confusion,disturbing emotions or negative thoughts in the mind of the dying . If the person has no religion, but seems to be openminded,you can try to talk about the Dhamma, for example ,about loving-kindness and compassion, about the truth of impermanence ,about the Four Noble Truths,etc. You can try to talk about the Buddha, taking refuge in the Triple Gem,etc. But be sensitive; don’t be aggressive,otherwise the person could react negatively. If the person has no interest in religious or spiritual matters, find ways to talk to him so that he can be free of anger, attachment,fear ,etc, and have a positive ,peaceful state of mind. ဗုဒ္ဓဘာသာဝင် မဟုတ်သော လူနာတစ်ဦးတစ်ယောက်အား ကူညီစောင့်ရှောက်ခြင်း အကယ်၍ သေခါနီးလူနာသည် ဗုဒ္ဓဘာသာဝင်မဟုတ်ဘဲ အခြားသောဘာသာဝင် တစ်ယောက် သို့ မဟုတ် သာမာန် မိရိုးဖလာ ဗုဒ္ဓဘာသာ ၀င် တစ်ဦးဖြစ်ခဲ့သော် ၄င်း၏ ဘာသာေ၇း ယုံကြည်မှုများ၊ လေ့ကျင့်အားထုတ်မှုများအရ ကောင်းမြတ်သော အတွေးအခေါ် များ ဖြစ်ပေါ်လာအောင် ယုံကြည်မှုတိုးပွားလာအောင် အားပေးတိုက်တွန်းပါ။ တိုက်တွန်းအားပေးနေသူ၏ ဘာသာသို့ ပြောင်းလဲယုံကြည်လာအောင် မကြိုးစားပါနှင့် ။ အကယ်၍ ထိုသို့ ပြုလုပ်ခံပါမူ သေခါနီးလူ၏ စိတ်ထဲတွင် စိတ်ရှုတ်တွေးမှု၊ စိတ်ခံစားလှုပ်ရှားမှုတွေ အနှောက်အယှက်ဖြစ်လာနိုင်ပါသည်။ လူနာသည် မည်သည့် ဘာသာတရားများကိုမှ ကိုးကွယ်သူ မဟုတ်ဘဲ အမှန်တရား များကို သာ လက်ခံထားနိုင်မည့် စိတ်ထား ရှိသူဖြစ်ခဲ့ လျှင် ထိုသူအား ဗုဒ္ဓတ၇ားတော်များကို ပြောပြနိုင်ရန်ကြိုးစားပါ။ ဥပမာ။ မေတ္တာတရား အကြောင်း၊ ဂရုဏာတရားအကြောင်း၊ အနိစ္စသဘော၊ သစ္စာ၎ပါး စသည်တို့ ဖြစ်ပါသည်။ ဗုဒ္ဓဘုရားရှင်၏ အကြောင်း၊ ဘုရားတရားသံဃာ ရတိာ၃ပါး၏ အရိပ်မှာ ခိုလှုံဖို့ အကြောင်းတွေကို ပြောပြပါ။ သို့ သော်လည်း သတိထား၍ လူနာနားဝင်အောင် ညင်ညင်သာသာအောင် ပြောပြဖို့ လိုပါသည်။ ကိုယ်ဖြစ်စေချင်သည်ကိုသာ ဇွတ်တိုက်တွန်းလျှင် ထိုလူနာသည် အတွေး အာရုံများ မှားယွင်းသည့်ဘက်သို့ေ၇ာက်သွားနိုင်ပါသည်။ ထိုသူသည် နာမ်သဘောတရားများကို စိတ်ဝင်စားမှုမရှိလျှင် ဒေါသသဘော၊ တွယ်တာမှုသဘောတို့ ကို လွယ်လွယ်နှင့် သဘောပေါက်အောင် စိုးရိမ်ကြောက်ရွံ့ မှုစသည်များကို မထားရှိ၇န် နည်းလမ်းများရှာဖွေ၍ ပြောပြလျှင် ထိုသူမှာ ငြိမ်းအေးသော စိတ်အခြေအနေရရှိနိုင်ပါသည်။ အရှင်အဂ္ဂစိတ္တ(Aggacitta Bhikkhu) အင်္ဂလိပ်ဘာသာဖြင့်ေ၇းသားပြုစုသော Dying to live ( The Role of Kamma in Dying and Rebirth) စာအုပ်မှ…
  ကိုယ့်ကိုကိုယ်ယောကျာ်းစွဲ၊မိန်းမစွဲ၊ဘာသာစွဲ၊ယောဂီစွဲကိုဖြုတ်ပါ၊ဘယ်လိုဖြုတ်ရမလဲဆိုတော့သဘောလေး သက်သက် ပဲလို့ စိတ်၊စေတသိတ်၊ရုပ်ပဲလို့ ခံယူလိုက်ပါ၊ ဒါဗုဒ္ဓဘာသာကို ဘာသာခြားတွေရှုထာင့်က လေ့လာတာလဲမဟုတ်ဘူး၊ဗုဒ္ဓဘာသာဝင်တွေရှုထောင့်က ငါဗုဒ္ဓဘာသာပဲဆိုပြီးဗုဒ္ဓဘာသာရှုထောင့်က နေပြီးတော့မှ ဟိုစာဖတ်ဒီစာဖတ်နဲ့ ဟိုမေးဒီမေးနဲ့ လေ့လာတာလဲမဟုတ်ဘူး၊ ဗုဒ္ဓဘာသာရှုထောင့်က ဗုဒ္ဓဘာသာကိုလေ့လာနည်းလဲမဟုတ်၊ဒါလုပ်နေကျ သူလိုကိုယ်လိုအလုပ်တွေပဲ ငါဘာသာခြားပဲ ဆိုပြီးဗုဒ္ဓဘာသာဆိုတာ ဘာလဲဆိုပြီးလေ့လာတာ ကိုယ်လိုသူလိုဘာသာခြား တွေလုပ်နေတဲ့အလုပ်၊ ငါဗုဒ္ဓဘာသာပဲဆိုပြီးကိုယ့်ဘာသာအကြောင်းသိမှာပဲဆိုပြီး ဗုဒ္ဓဘာသာဝင်အစွဲကြီးနဲ့ ဗုဒ္ဓဘာသာကို လေ့လာတာလည်း ဒါဗုဒ္ဓဘာသာဝင်တွေရဲ့ရိုးရာအလုပ်ပါပဲ၊ ထုံးတမ်းစဉ်လာအလုပ်ပါပဲ၊ ၀ိပဿနာခေတ် ဖြစ်လာတော့ယောဂီပဲဆိုပြီးတော့ ဘာယောဂီ၊ညာယောဂီဆိုတဲ့ အရေခြုံပြီးတော့မှ မိုးကုတ်ယောဂီအနေနဲ့ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ လမ်းညွှန်ချက်အတိုင်း ဗုဒ္ဓဘာသာကိုလေ့လာတယ်ဆိုတာကလည်း မိုးကုတ်ယောဂီတွေပုံနေတာပါပဲ၊ ဒါထုံးတမ်းအစဉ်အလာပဲ၊ လုပ်နေကျအလုပ်ပဲ၊ သူလိုကိုယ်လိုအလုပ်ပါပဲ၊ သိပ္ပံပညာရှင်တွေရှုထောင့်ကနေပြီးတော့မှငါသိပ္ပံပညာရှင်ပဲဆိုပြီး၊ ဒါမှမဟုတ်လဲသိပ္ပံပညာကိုအတည်ယူ ပြီးတော့မှသိပ္ပံပညာရှင်တွေရဲ့တွေ့ရှိချက်တွေကို ဘုရားဟောလို့ယုံကြည်ပြီးတော့မှ သိပ္ပံပညာနဲ့ ဗုဒ္ဓဘာသာကို လေ့လာထားတဲ့နည်းစနစ်တွေဟာလည်း သိပ္ပံပညာ ပေါ်ပေါက်လာ ကတည်းက လေ့လာခဲ့တဲ့ နည်းစနစ်ပါပဲ၊ ဒါပေမဲ့အခုဦးဇင်းပြောတဲ့နည်းစနစ်က ဗုဒ္ဓဘာသာကိုလေ့လာတဲ့ နည်းစနစ်ကတော့ ကြားဖူးဖို့တောင်မလွယ်တဲ့နည်းစနစ်ပါပဲ၊ ဘယ်လိုစနစ်လဲဆိုတော့ ဘုရားရှင်ရဲ့အဆုံးအမအတိုင်း စိတ် ၊စေတသိတ်၊ရုပ်ပဲ၊ အနိစ္စ၊ဒုက္ခ၊အနတ္တပဲ၊ ပုဂ္ဂိုလ်သတ္တ၀ါမဟုတ်ဘူးဆိုတဲ့ အယူဝါဒအတိုင်း အဲဒီအယူဝါဒနဲ့အညီ ကျင့်ကြံခြင်းအားဖြင့်နားလည်လာတဲ့ စိတ်၊စေတသိတ်၊ရုပ်အကြောင်း၊ အနိစ္စ၊ဒုက္ခ၊အနတ္တအကြောင်း၊ ဗုဒ္ဓဘာသာရှုထောင့် တွေကိုစွန့်ပြီးတော့မှ သိပ္ပံပညာကိုလက်ခံတဲ့လူငယ်ဖြစ်ပေမဲ့ သိပ္ပံပညာကို ပညာ ရှင်တွေပြောတာကို စွန့်လွှတ်ပြီးတော့မှ ဘုရားဟောကိုစိတ်၊စေတသိတ်၊ရုပ်ကို၊ ခန္ဓာငါးပါးကို၊ ဒုက္ခသစ္စာကို၊ အနိစ္စ၊ဒုက္ခအနတ္တကို၊ ဘာမှမဟုတ်တာကို အတည်ယူပြီးတော့မှ ဘာမှမဟုတ်တဲ့ရှုထောင့်ကနေပြီးတော့မှ နေနိုင်အောင်ကြိုးစားနေခြင်းဖြင့် နားလည်နေခြင်းဖြင့် ဗုဒ္ဓဘာသာအကြောင်း၊ ဘုရား၊ တရား၊ သံဃာအကြောင်းပါ၊ ဒါစိတ်ကူးဖို့တောင်မလွယ်ပါဘူး၊ ကိုယ်ကတစ်ခုခုကို ဆုပ်ကိုင်ပြီးတော့မှပဲ လေ့လာ တာက အကျင့်ပါနေတယ်၊ သားသမီးပဲဆိုပြီးတော့မှ သားသမီးစွဲနဲ့ကြည့်လိုက်တော့ အဖေတွေ၊ အမေတွေတွေ့နေတာပေါ့၊ ယောကျာ်းဆိုတဲအစွဲနဲ့ကြည့်တော့ မိန်းမတွေ့နေရော၊ မိန်းမဆိုတဲ့အစွဲနဲ့ ရှုထောင့်ကကြည့်လိုက်တော့ ကိုယ်နဲ့ဆန့်ကျင်ဖက်ယောကျာ်းတွေ့နေရော၊ ဗုဒ္ဓဘာသာရှုထောင့်က ကြည့်လိုက်တော့ ဘာသာခြားတွေ့ရော၊ မြန်မာလူမျိုးရှုထောင့်ကကြည့်တော့ လူမျိုးခြားတွေ့ ရော၊ကလေးလူကြီးမှာလည်း ကလေးရှုထောင့်ကနေကြည့်တော့ လူကြီးတွေ့နေရော၊ သိပ္ပံပညာရှင် ရှုထောင့်ကကြည့်တော့ သိပ္ပံနည်းလမ်းမကျတာတွေ့ရော၊ သိပ္ပံပညာရှင်ကလည်း သိပ္ပံပညာကို အမှန်တရား လုပ်ပြီးတော့မှကိုးကွယ်တာပဲ၊ကိုယ်ကိုင်ထားတဲ့လက်နက်ကိုမချဘူး၊လူကြီးရှုထောင့်ကကြည်တော့ကလေးတွေ့ရော၊ဆင်းရဲသားရှုထောင့်ကကြည့်တော့သူဋ္ဌေးတွေ့ရော၊ဆင်းရဲသားဆိုတာကိုသိမ်းပိုက်ပြီးကြည့်လိုက်တော့ အားလုံးတိုင်းက ကိုယ့်ထက်ချမ်းသာချည်းပဲဖြစ်နေရော၊ သူဋ္ဌေးဆိုတဲ့ ရှုထောင့်ကနေကြည့်လိုက်တော့ ဆင်းရဲသားတွေ့ပြီးတော့ အထင်သေးစရာဖြစ်ရော၊ သိမ်းပိုက် ပြီးတော့မှကြည့်တာရိုးရာအလုပ်ပါ၊ ဦးဇင်းတို့ဘုန်းကြီးဝတ်တဲ့အခါကျတော့ ဘုန်းကြီးရဲ့ အရည်အချင်း ဟာဘာမှမရှိဘူး၊ ငါလည်းဘာမှမရှိ၊ ဘုန်းကြီးတွေတတ်တဲ့ပညာလည်းမတတ်ဘူး၊ မရွတ်တတ်၊ မဖတ်တတ်ဘူး၊ ဘုန်းကြီးတွေစိတ်ဝင်စားတဲ့၂လုံး ၃လုံး လည်းစိတ်မ၀င်စားဘူး၊ လာဘ်ပေါဖို့လည်း စိတ်မ၀င် စားဘူး၊ ဘာဘွဲ့ညာဘွဲ့လည်းမလိုချင်ဘူး၊ ကျောင်းပိုင်ဖြစ်ဖို့လည်းစိတ်မ၀င်စားဘူး၊ နေစရာမရှိရင် သစ်ပင် အောက်မှာနေမယ်ဆိုတဲ့စိတ်နဲ့ဝတ်လာတာ၊ ဒါသူများကိုသာကြည့်တတ်မယ်ဆိုရင် ကိုယ့်ကိုကိုယ်သာ ဆုပ်ကိုင် တတ်မယ်ဆိုရင် ကိုယ့်ကိုကိုယ်ဘုန်းကြီးအရာမ၀င်ဘူးဆိုပြီး ခေါင်းတောင်ဖော်ရဲစရာမရှိပါဘူး၊ ငါဘုန်းကြီးပဲ ဆိုပြီးမှသာ တခြားဘုန်းကြီးတွေနဲ့လိုက်နှိုင်းပြီးဖြစ်ချင်မယ်ဆိုရင် အင်မတန် မျက်နှာငယ် နေရပါလိမ့်မယ်၊ ကိုယ့်အဖြစ်ကအင်မတန်ဆိုးတာပဲဆိုပြီးတော့မှ ကိုယ့်သတ်မှတ်ချက်နဲ့ကိုယ်၊ ကိုယ့်ရဲ့ဆုပ် ကိုင်မှုနဲ့ကိုယ် မျက်နှာငယ်နေရပါလိမ့်မယ်၊ ဒါပေမယ်တရားအားကိုးထားတော့ ဘာကိုမှမဆုပ်ကိုင်ထားတော့ နေတတ်တဲ့အကျင့်ကပါနေတော့ ဘုန်းကြီးဝတ်တော့လည်းမတတ်ရင် မတတ်ဘူးပေါ့၊ရှက်စရာမရှိပါဘူး၊ ၀ါငယ်ရင်ငယ်တယ်ပေါ့၊ ၃၃နှစ်မှအသက်ကြီးမှဝတ်တော့လည်းဝတ်တယ်ပေါ့၊ ဒါပေမယ့် အဲဒါငါမ ဟုတ်ဘူး၊ ဒါတွေကငါမဟုတ်ဘူး၊အဲဒီိလိုသိတဲ့ဥာဏ်ရှိတယ်၊အဲဒီတော့ငါမဟုတ်တော့ ပူစရာမရှိတော့ဘူးပေါ့၊ ခွေးသေ ကောင်တွေလိုပေါ့၊ငါသေတာမဟုတ်တော့အနေသာကြီးပေါ့၊သေချင်သေ၊ဖြစ်ချင်ရာဖြစ်၊ပုပ်ချင်ပုပ၊်ပွချင်ပွ၊ ငါမှမဟုတ်ဘဲဆိုတော့ အနေသာကြီးပေါ့၊ ဒါဦးဇင်းတို့မှာအဲဒီဥာဏ်လေးနဲ့ ၀တ်လာတာ၊ ဘာကိုမှမဆုပ် ကိုင်တော့ သူများကိုလည်း ဘာဘွဲ့ရညာဘွဲ့ရပဲဆိုပြီးတော့မှ သူများကိုလည်းသိမ်းပိုက်စရာ မရှိဘူး၊ ကိုယ့်ကိုကိုယ် ဘယ်သူရယ်လို့ဆုပ်ကိုင်မထားတော့ သူများကိုလည်း ဘယ်သူဘယ်ဝါလည်းဆိုပြီးတော့မှ ဆုပ်ကိုင်ပြီး တော့မှကိုယ်နဲ့နှိုင်းယှဉ်စရာအကြောင်းမရှိဘူး၊ အဲဒီတော့တရားချမ်းသာကအဲဒါပဲ သင်္ကန်းကြီး ၀တ်သွားလို့ချမ်းသာသွားတာမဟုတ်ဘူး၊ လုပ်စရာရှိတာလုပ်ရပေမဲ့လည်း လုပ်နေရတဲ့ အလုပ်တွေကို မငြိတွယ်တာ၊ အခုပြောစရာရှိ ပြောနေပေမဲ့ပြောနေတာတွေကိုငါ့တရားပဲ တယ်ဟုတ်တဲ့ငါပဲ ဆိုပြီးတော့မှလည်းသိမ်းပိုက်မနေတာ၊မငြိတွယ်တာ၊အဲဒီလိုနေတတ်တာက ဒါဘုရားဟောစိတ်၊ စေတသိတ်၊ ရုပ်ပဲ၊အနိစ္စ၊ဒုက္ခအနတ္တပဲ၊ ဘာကောင်မှမဟုတ်ပါဘူး၊ ဘယ်သူမှမ |
|