maythet's posts with tag: တရားထိုင်မယ်ဆိုရင်..
| 01 20080330 POL Chinese Temple Chinese Teaching | | | | | |
*အစွဲက ၂မျိုးရှိပါတယ် ။ ပညတ် စွဲ၇ယ် ပရမတ်စွဲ၇ယ်.။ အဲ့ ၂ခုမှာ ဆို၇င်.. ကျမက အဆင့်ဆင့် ပညတ်မှာလည်း စွဲထားပုံ ၊ ပရမတ် မှာ လည်း အဆင့်ဆင့်စွဲထားပုံကို ကျမဥာဏ်ကူညီပီး ရှင်းပြပေးပါ့မယ်။ ဘယ်လို စွဲထားကြသလဲ ဆိုရင် …. ၃၁ဘုံကတော့ တကယ်မရှိဘူးပေါ့လေ… တကယ် တော့ မရှိပေမဲ့ ကျမက ၃၁ဘုံအနေနဲ့ သုံးနှးုံပီးတော့ လူတွေပညတ်ကို အမျိုးမျိုးစွဲနေတဲ့ အပေါ်မှာ ကျမနားလည်သလို ပြောပြသွားပါ့မယ်။ *ဥာဏ်ဆိုတာ ဘာလဲ ဆိုတော့ ဒီ အမှန်တရားအပေါ်မှာ သိသွားတဲ့ ဥာဏ် ၊ ဥာဏ်လေးရှင်း သွားတာဘဲ ။ *ဘုရား လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းဖော်ထုတ်ခဲ့ တဲ့  တ၇ားက ဘာလဲ ဆိုရင် ငါ သူတစ်ပါး ယောင်္ကျား မိန်းမ ပုဂ္ဂိုလ် သတ္တ၀ါမဟုတ်ဘူး။ တခုခု တယောက်ယောက် တချိန်ချိန် တနေရာရာ မဟုတ်ဘူး။ ဘာမှမဟုတ်တဲ့ သဘောသတ္တိလေးတွေ ဖြစ်ရုံလေးတွေ လို့ ဖော်ထုတ်ပီးသားပါ။ ကျမတို့ က ဘုရားပွင့်တဲ့ ကာလမျာ ရှိတယ်။ သစ္စာလေးပါး ကို နားထောင်နိုင်တဲ့ ဥာဏ်နားလဲ ရှိတယ်။ ဘုရားဖော်ထုတ်ခဲ့တဲ့ အမှန်တ၇ားကို ယုံကြည်မှု သဒ္ဓါနဲ့ ဘဲ .. ဟုတ်တယ် ငါမရှိဘူး ပုဂ္ဂိုလ် သတ္တ၀ါမရှိဘူး ။ ယောင်္ကျား မိန်းမမရှိဘူး။ တခုခု တယောက်ယောက် တချိန်ချိန် တနေရာရာ မရှိဘူး။ တကယ့်ကို ဖြစ်ရုံလေးဘဲ ရုပ်နာမ် သဘာဝ ဖြစ်ရုံလေးဘဲ ရှိတယ်ဆိုတဲ့ အမှန်တ၇ားကို အမှန်သိဥာဏ်လေးနဲ့ လက်ခံ ယုံကြည်ပေးတဲ့ ယုံကြည်မှုဆိုတာ အဲ့ ဒါရှင့်။
| a11 80211 45C Master Key(Edited) | | | | | |
ပထမဦးဆုံး ငါတရားထိုင်မယ် ဆိုတဲ့ အသိကို အရင်ဆုံးမေ့ပြီး ငါတရား ထိုင်တော့မယ် ငါတရား နှလုံးသွင်းတော့မယ် ဆိုတဲ့ အသိကို ဆုတ်ကိုင်မထားပါနဲ့ ။ ငါမရှိတဲ့ အမှန်တရားကို သိအောင် လုပ်မှာပါ။ ငါမရှိတဲ့  အမှန်တရားကို သိအောင် လုပ်တဲ့ အချိန်မှာ ငါ ၀င်မပါဘဲနဲ့  ငါ့ကိုယ်ငါ မေ့ထားပါ။ တငါငါနဲ့ သုတေသနလုပ်သလို စူးစမ်းလေ့လာမယ် ဆိုရင်တော့ ငါမရှိတဲ့ အမှန်တရားကို ဘယ်တော့မှ သိမှာ မဟုတ်ပါဘူး။ အဲ့ဒါကြောင့် ကိုယ့်ကိုကိုယ် ငါဘဲ ဘယ်သူဘဲ ဘယ်ဝါဘဲ ယောင်္ကျားဘဲ မိန်းမဘဲ လို့ ကိုယ့်ဟာကိုယ် သတ်မှတ်ထားတဲ့ အစွဲကို ဖျောက်ပစ်ပါ။ ကိုယ်ဟာကိုယ် ရုပ်နာမ်ဘဲ လို့ ခန္ဓာငါးပါးသက်သက်ပဲလို့  အ၇င် သဘောထားလိုက်ပါ။ ဒါပေမဲ့ ရုပ်နာမ်ဘဲ လို့ ခန္ဓာငါးပါးဆို၇င်တောင် ငါက ရုပ်နာမ် ငါက ခန္ဓာငါးပါး ပြန်ပြီးတော့ စွဲမှာစိုးလို့  ဘာမှ မဟုတ်ဘူးလို့ ဘဲ ထပ်ပြီး ဆုံးဖြတ်ချက်ချပေးပါ။ ဘာမှမဟုတ်တာကိုတောင် တခါတလေစွဲချင်တယ်။ အဲ့ဒါကြောင့် စွဲချင်တဲ့ စိတ်ကို လည်း ဘာမှ မဟုတ်ဘူးလို့ နှလုံးသွင်းပေးပါ။ ကိုယ်ကိုကိုယ် တခုခု တယောက်ယောက်လို့  ခံယူထားရင်တော့ အဲ့ဒီ တခုခု တယောက်က လုပ်စရာတွေ အများကြီးရှိနေမှာ။ တွေးစရာ ကြံစရာ သိစရာတွေ ကုန်မှာ မဟုတ်ပါဘူး။ တခုခု တယောက်ယောက်လို့  သိတဲ့ အမှားအသိကို အခြေခံပြီးတော့ ကျန်တဲ့ အစွယ်အပွါး အမှားအသိတွေ ဆက်တိုက် အများကြီးလုပ်နေမိမှာဘဲ၊ သိနေမိမှာပါ ။ကိုယ့်ကိုကိုယ် တခုခု တယောက်ယောက် လို့ သတ်မှတ်လိုက်တာနဲ့ အဲဒီ တခုခု ကို သိမ်းပိုက်ပြီးတော့ အတ္တနဲ့ ကျေလည်နေတဲ့ အခါကျတော့ ဒီအတ္တဖြစ်ရတဲ့ ဒုက္ခနဲ့  သံသရာလည်နေမှာပါ။ အဲ့ဒါကြောင့်မို့ ကိုယ့်ကိုယ်ကို တခုခု တယောက်ယောက် ဘာဘဲညါဘဲ ဆိုပြီးတော့ သတ်မှတ်မခံဘဲနဲ့ ဘာမှ မဟုတ်ဘူးလို့ ဘဲ သတိပေးနေပါ။ ဘာမှမဟုတ်တဲ့ အတွက် ဘာမှ တွေးစရာ မရှိဘူး။ ဘာမှ ကြံစရာမလိုဘူး။ ဘာမှလုပ်စရာ မရှိဘူးဆိုပြီးတော့ ဘာမှ မဟုတ်သလို နေနိုင်ဘို့ ဘဲများများ ကြိုးစားပါ။ တခုခု တွေးနေ ကြံနေ တခုခု အသိကို လက်ခံနေတာ ကိုယ့်ကိုကိုယ် ဘာမှ မဟုတ်မှန်းမသိလို့  တခုခု ဘဲလို့ ဆိုင်းဘုတ်ချိတ်ထားတာပါ။ တခုခု တွေးကြံချင်တဲ့ စိတ် တခုခု သိမ်းပိုက်ချင်တဲ့စိတ် တခုခု သိချင်တဲ့စိတ် အဲ့ဒီစိတ်ကို ဘာမှ မဟုတ်ဘူးလို့  ရဲရဲကြီးသတိပေးပြီး ချိုးနှိမ်ပစ်ပါ။ တခုခု တယောက်ယောက်အနေနဲ့ လုပ်နေ ကိုင်နေ အားထုတ်နေမယ် ဆိုရင် တခုခု တယောက်ယောက် မဟုတ်တဲ့ အမှန်တရား ဘာမှ မဟုတ်တဲ့ အမှန်တရားကို သိမှာ မဟုတ်ပါဘူး။ ဘာဘဲ ညါဘဲဆိုတဲ့ အတ္တမာန်တွေ ထောင်လွှားချင်နေတဲ့ စိတ်ကို ဘာမှ မဟုတ်ဘူးဆိုပြီးတော့ ချိုးနှိမ် ပစ်ဘို့  ကြိုးစားပါ။ ဘာမှ မဟုတ်ဘူးဆိုတဲ့ အမှန်တရားကို ယုံယုံကြည်ကြည်နဲ့ လက်ခံထားမယ် ဆိုရင် ဒီအမှန်တရားကို သိဘို့ မခက်ပါဘူး။ မယုံကြည်ဘဲ တငါငါနဲ့  စမ်းစစ်နေမယ် ဆိုရင်တော့ ငါပါနေတဲ့ အတွက် ဒီအမှန်တရားကို သိဘို့ မဖြစ်နိုင်ပါဘူး။ ဆ၇ာဆ၇ာမတွေက ကျောင်းသားကို စာသင်နေချိန်မှာ အပြင်မထွက်ဘို့  ကြီးကြပ်သလိုဘဲ ကိုယ့်ကိုယ်ကို ဘာဘဲ ညာဘဲ လို့  အထင်အမှား အသိတွေ အပေါ်မခံရအောင် ကိုယ့်ကိုကိုယ် ဘာမှ မဟုတ်ဘူးလို့ အမြဲသတိပေးပြီး ဘာမှ တွေးစ၇ာမလို ဘာမှ သိစ၇ာမလိုဘူး ဆိုပြီးတော့ အမြဲတမ်း သတိနဲ့ ကြီးကြပ်နေပါ။ ဘာစိတ်ဘဲ ပေါ်လာပေါ်လာ ဘာမှ မဟုတ်တဲ့ အတွက် ဘာမှ ခံစားစရာ မလိုဘူးလို့  ဘာမှသိမ်းပိုက်စရာမလိုဘူး ဆိုပြီးတော့ ခံစားချင်တဲ့ စိတ် သိမ်းပိုက်ချင်တဲ့စိတ်ကို ဖြစ်ခွင့်မပေးပါနဲ့ ။ တခုခုထင်လို့ သာ ခံစားချင်တာ တခုခု ထင်လို့ သာ သိမ်းပိုက်ချင်တာ ။ ကြားတာနဲ့  ဘာသံဘဲ ညါသံဘဲ ပူတယ် အေးတယ် နာတယ်ကျင်တယ် အဲ့ဒီအသိတွေကို လက်ခံနေတာက ကိုယ့်ကိုကိုယ် လူလို့  လက်ခံထားပြီး သိစရာရှိတယ်။ တခုခု သိဘို့ လိုတယ်လို့ လက်ခံတာပါ။ ကိုယ့်ကိုယ်ကို လူလို့  လက်မခံဘဲ လူအသိ လူသတ်မှတ်ချက်တွေကို ရဲရဲကြီးစွန့် နိုင်ဘို့ ကြိုးစားပါ။ ကားသံဘဲ ဖုန်းသံဘဲ သိတာ ညောင်းတယ်ညာတယ် နာတယ် ကျင်တယ် သိတာ လူသိ။ လူလို့ လက်ခံထားတော့ လူသိတွေ ဆက်တိုက်ပေါ်နေမှာပါ။ လူလို့ လက်ခံထားပြီး လူ့ သတ်မှတ်ချက်တွေနဲ့ ဘဲ တကယ်မရှိတာကို အရှိလုပ်ပြီး တော့ ဒီသတ်မှတ်ချက်တွေနဲ့ ဘဲ ပူလောင်ပင်ပန်း ဒုက္ခဆင်းရဲ ရောက်နေတာကို သိသိကြီးနဲ့ လက်ခံထားမယ်ဆိုရင်တော့ ဒီဒုက္ခက ဘယ်တော့မှ ချုပ်ငြိမ်းမှာ မဟုတ်ပါဘူး။ အဲ့ဒါကြောင့် မိုလို့ ကိုယ့်ကိုကိုယ် လူလို့ တခုခု တယောက်ယောက် မိန်းမ ယောင်္ကျား လို့ လက်မခံဘဲ အဲဒီအတွက် ဘာမှမဟုတ် သလိုနေရမယ် ဆိုပြီးတော့ အမြဲတမ်း သတိပေးနေပါ။ လူလို့ လက်ခံထားရင် လူလို ပြောင်းချင်ရွှေ့ ချင် တွေးချင် ကြံချင်မှာဘဲ။ လူလို့ လက်ခံလိုက်ကတည်းက အမှားအသိကို အရင်းခံလိုက်တော့ ဘာဘဲ တွေးတွေး ဘာဘဲ ကြံကြံ အကုန်လုံးက အမှားတွေး အမှားကြံဘဲ ဖြစ်မှာပါဘဲ။ ကိုယ့်ကိုကိုယ် တခုခု တယောက်ယောက်အထင်နဲ့ တခုခုကို လုပ်မနေပါနဲ့ ။ တခုခု မသိဘဲ မနေနိုင်ဘူး ဆိုရင် ဘာမှမဟုတ်ဘူး ဆိုတဲ့ အသိတခုကိုဘဲ လက်ခံထားပါ။ အမှန်တရား ရှု့ ထောင့်က နေပြီး ဘာမှမဟုတ်ဘူး ဆိုတဲ့ အသိကို လက်ကိုင်ထားပါ။ အမှန်တရား ရှု့ ထောင့်က ဘာဘဲ ပေါ်လာ ပေါ်လာ ဘာမှ မဟုတ်ဘူး လို့ ဘဲမြင်တယ်၊ ကြည့်တယ်။ လူရှု့ ထောင့် ဆိုရင်တော့ ယောင်္ကျားမိန်းမ ပုဂ္ဂိုလ် သတ္တ၀ါ ဘာဘဲ ညာဘဲ ဘာစိတ် ညာစိတ် ယားတယ် ယံတယ် နာတယ် ကျင်တယ် လိုက်ပြီးတော့မှ သိနေတာပါ။ အမှန်တရား ရှု့ ထောင့်နဲ့ နေတာက အဲ့ ဒီလူရှု့ ထောင့်တွေ အကုန်လုံးကို ဖြတ်ချတာပါ ။ လူရှု့ ထောင့်တွေ အကုန်လုံးကို ဖြတ်ချနိုင်ရင် အမှန်တရား ရှုထောင့်နဲ့ နေတာပါ ။ တမျိုးပြောမယ်ဆိုရင် ဘာမှမဟုတ်ဘူး ရှု့ ထောင့်နဲ့ ဘဲ နေနိုင်အောင် ကြိုးစားပါ။ လူကိုမြင်လဲ လူလို့ မမြင်ဘူး။ ဘာမှမဟုတ်ဘူး ရှုထောင့်နဲ့ ကြည့်ရင် ဘာမှ မဟုတ်တာဘဲ သိတယ်၊ မြင်တယ်။ ဝေဒနာတွေပေါ်လာလို့  ဘာမှမဟုတ်ဘူး ရှုထောင့်နဲ့ ကြည့်တော့ ဝေဒနာလို့ မသိဘူး။ ယားတယ် ယံတယ် လို့ မသိဘူး။ ဘာမှမဟုတ်ဘူး ရှုထောင့်နဲ့ ကြည့်တော့ ဘာမှ မဟုတ်တာဘဲ သိတယ်။ ဘာမှမဟုတ်ဘူး ရှုထောင့်နဲ့  နားထောင်တော့ ဘာသံညာသံ လို့ မသိဘူး။ လူ့ ရှု့ ထောင့် အမှားရှု့ ထောင့် အမှား အသိတွေ ၀င်မလာတော့ဘူး။ အဲ့ဒီလို ဘာမှမဟုတ်ဘူး ဆိုတဲ့ အမှန်တရား ရှုထောင့်နဲ နေပြီး ပေါ်လာတဲ့ ဘာဘဲညာဘဲ သိတဲ့ စိတ်တွေ မှန်သမျှကို ဘာမှမဟုတ်ဘူးလို့  စွဲချက်တင်လိုက်ပါ။ ဘာဘဲညာဘဲ တခုခုသိနေတာဟာ အမှားရှု့ ထောင့်က နေလိုက်လို့ သိနေတာပါ။ ဘာမှမဟုတ်ဘူးဆိုတဲ့ အမှန်တရားရှု့ ထောင့်က နေပြီး အမြဲတမ်းကြည့်တတ်မယ် ဆိုရင် ဘာစိတ်ဘဲ ပေါ်လာပေါ်လာ ဘာစိတ်ညာစိတ်လို့ ခွဲခြား သိမ်းပိုက်မနေဘဲ ဘာမှမဟုတ်တာကို ဘာမှမဟုတ်တာလို့  မသိမ်းပိုက်ဘဲ နေနိုင်တာပါ။ ကိုယ်ကလဲ ဘာမှ မဟုတ်ဘူး သိမ်းပိုက်နေတဲ့  စိတ်ကလဲ ဘာမှမဟုတ်ဘူး ဆိုပြီး တခုခုမသိမ်းပိုက်ဘို့  ကြိုးစားပါ။ လူရှု့ ထောင့်နဲ့  ဆိုရင် TV မြင်မယ် ကားမြင်မယ်။ နာတာကျင်တာ ကောင်းတာဆိုးတာ သိမယ်။ ကိုယ်ကိုတိုင် အဲ့ ဒီ အမှားရှု့ ထောင့်ကို လက်ခံထားတော့ ဒီအမှားရှုထောင့် ရဲ့ အပြစ်တွေကို တောက်လျှောက်ခံရတာပါ။ ဘာမှမဟုတ်ဘူး ဆိုတဲ့ အမှန်တရား အမြင်နဲ့ ဘဲ စိတ်မှန်သမျှကို ကြည့်နိုင်အောင် ကြိုးစားပါ။ ဘာစိတ်ညာစိတ်ဆိုရင် ဒီအမှန်တရား ရှု့ ထောင့်နဲ့ မနေတာပါ။ ဒီအမှန်တရား ရှုထောင့်နဲ့ နေပြီးတော့ ခံစားချင်တဲ့ စိတ် လိုက်သိချင်တဲ့ စိတ် အဲ့ဒီစိတ်တွေ အားလုံးကို ဘာမှမဟုတ်ဘူးလို့ နှလုံးသွင်းရင်းနဲ့  သတ်ပစ်ရမှာပါ။ ဘာမှလိုက်မခံစားဘဲ နေနိုင်ဘို့ ကြိုးစားပါ။ လူ့ အကျင့်တွေအားလုံးကို စွန့် လွှတ်ပစ်ရပါမယ်။ ကျောင်းသူ ကျောင်းသားတွေက သူတို့ ကိုယ်ကို ဆရာလို့  မြင်မြင် တကယ့် လူတွေရဲ့ အမြင်ကတော့ ကျောင်းသူ ကျောင်းသားလို့ ဘဲ မြင်မှာပါ ။ အဲ့ဒီလိုဘဲ ကိုယ့်ကိုကိုယ် ဘယ်သူဘယ်ဝါဘယ်လို လို့ ဆိုင်းဘုတ်ချိတ်ထား ချိတ်ထား ဘု၇ားရဲ့ အမြင်မှာတော့ အားလုံးကို ဘယ်သူဘယ်ဝါလို့ မြင်မှာ မဟုတ်ဘဲ ပုဂ္ဂိုလ်သတ္တ၀ါ အမြင် မမြင်ဘဲ နဲ့  ဘာမှမဟုတ်ဘူးဆိုတဲ့ အမြင်နဲ့ ဘဲ မြင်နေမှာပါ။ ကိုယ်ဟာကို ဘယ်သူဘယ်ဝါလို့ ဆိုင်းဘုတ်မချိတ်ချင်ပါနဲ့ ။ ဘာမှမဟုတ်တာက ဘာမှမဟုတ်တာ ပါဘဲ။ အဲ့ဒီလိုဘဲ စိတ်တွေမှာလဲ ဘာစိတ်ညာစိတ်ဆိုပြီးတော့ လိုက်ဆိုင်းဘုတ်မချိတ်ပါနဲ့ ။ စိတ်ကတော့ သူဟာသူ ပေါ်ရုံသက်သက် စိတ်ကလေးဘဲ ။ ကိုယ်ချယ်လှယ်ချင်တိုင်း ချယ်လှယ်လို့ မရတဲ့ သဘာဝအမှန်တရား နဲ့ နေဘို့ ဘဲ ကြိုးစားပါ။ အတ္တနဲ့ ချယ်လှယ်ချင်၇င်တော့ လေထဲမှာ ပန်းချီဆွဲ သလိုဘဲ ဘယ်တော့မှ အရာရောက်မှာ မဟုတ်ပါဘူး။ ဆွဲရင်းနဲ့ ဘဲ ဘယ်တော့မှ ဆွဲလို့ လဲ မရ ဆုံးလဲ ဆုံးမှာ မဟုတ်ပါဘူး။ အဲ့ဒီလိုဘဲ ဘာမှမဟုတ်တာကို ဘာမှမဟုတ်တဲ့ စိတ်တွေကို ဘာဘဲညာဘဲလို့  ဆိုင်းဘုတ်ချိတ်ချင် ချယ်လှယ်ချင်နေပေမဲ့လည်း ဘယ်တော့မှ ချယ်လှယ်လို့ ရမှာမဟုတ်ပါဘူး။ ဆိုင်းဘုတ်တွေက လည်း တကယ်အတည် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်ဒုက္ခကိုယ် မရှာဘဲနဲ့  ဘာမှမဟုတ်တာကို ဘာမှမဟုတ်သလိုဘဲ ထားပြီးတော့ ဘာမှမဟုတ်ဘူးလို့ ဘဲ နှလုံးသွင်းပေးပါ။ ချယ်လှယ်ချင်နေတဲ့ သိမ်းပိုက်ချင်နေတဲ့ စိတ်ကို လည်း ဘာမှမဟုတ်ဘူး မသိမ်းပိုက်နဲ့ တော့ လို့ သတိပေးပေးပါ။ ကိုယ်လက်ခံထားတာ ကိုယ်ပြန်ဖြည်နေ၇တာပါ။ ထပ်ပြီးတော့ လက်မခံဘို့ ကြိုးစားပါ။ ပြန်ဖြည်နေ၇တဲ့ အတွင်းထဲမှာ ထပ်ပြီး လက်ခံမယ်ဆို၇င်တော့ ဖြည်လို့ မဆုံးဖြစ်မှာပါ။ ဘယ်လို နှလုံးသွင်း၇မလဲ ဘယ်လိုတရားမှတ်၇မလဲလို့  လိုက်မစဉ်းစားဘဲနဲ့  တခုခုလုပ်ချင်နေတဲ့ စိတ် တခုခု ထင်နေတဲ့ စိတ်ကိုဘဲ ဘာမှမဟုတ်ဘူးလို့  ဆုံးဖြတ်ချက်ချပေးပါ။ ဘာမှမဟုတ်သလို နေဘို့ ကသာ အဓိကပါ။ ဘာမှမဟုတ်သလိုနေပြီးတော့ ပေါ်လာတဲ့ စိတ်တွေကိုလည်း ဘာမှမဟုတ်ဘူး ဆိုပြီးတော့ ခံယူချက် ရှု့ ထောင့်နဲ့ ဘဲ ကြည့်ပေးဘို့ ကြိုးစားပါ။ အာရုံတွေနဲ့ မပေါင်းဘို့ ကြိုးစားပါ ။ ငြီးငွေ့ လာ ပျင်းလာဘီ ဆိုရင်လည်း အဲ့ဒီစိတ်တွေကို ကိုယ်က တခုခုတယောက်ယောက် လို့ ဆိုပြီး အဲ့လို လက်မခံပါနဲ့ ။ ပျင်းစရာရှိတယ်ထင်ရင်တော့ ပျင်းလို့ မဆုံးဖြစ်မှာပါ။ ယားတယ်ဆိုတဲ့  အသိကိုလက်ခံထားရင် ကုတ်လို့ မဆုံးဖြစ်မှာပါဘဲ။ ကြားစရာဘဲလို့ သတ်မှတ်ထား၇င် နားထောင်လို့ မဆုံးဖြစ်မှာပါ။ ချုပ်စရာဘဲ လို့ လက်ခံထား၇င် ချုပ်လို့ မဆုံးဖြစ်မှာပါ။ အဓိက ကဘာကိုမှ မသိတဲ့ စိတ်မွေးဘို့ ပါ။ စိတ်တွေပေါ်မှာ ကပ်ငြိနေတဲ့ ဘာဘဲညာဘဲ ထင်တဲ့ အစွဲတွေကို ဖြုတ်တဲ့ နေရာမှာ ဖြုတ်ဘို့ အတွက် စိတ်ပြန်ပြီးတော့ လိုက်ရှာတာမျိုး ဖြုတ်စ၇ာရှိတယ်ထင်ပြီး လိုက်ရှာတာမျိုး မလုပ်ပါနဲ့ ။ အစွဲကင်းကင်း နေနိုင်ဘို့  ဘာမှမဟုတ်သလို နေနိုင်ဘို့ ကြိုးစားပါ။ အိပ်ချင်တဲ့ စိတ်တွေ ဘာဖြစ်ချင်ညာဖြစ်ချင်နေတဲ့ စိတ်တွေ အဲ့စိတ်တွေကလည်း ကိုယ့်ကိုကိုယ် ဘာမှမဟုတ်ဘူးလို့ ဆက်ခါဆက်ခါမခံယူနိုင်လို့  ကြားပေါက်ပေါ်လာတဲ့ အမှားအသိ ကိလေသာ စိတ်တွေပါ။ အမှားအသိကို လက်မခံဘဲ ကိုယ့်ဘက်ကနေ ဘာမှမဟုတ်ဘူးလို့  ဆက်ခါဆက်ခါ ကိုယ့်ဘာသာကို သတိပေးပြီးတော့ ဘာမှမဟုတ်သလို နေမယ်ဆိုရင်တော့ အမှားအသိတွေက ၀င်ခွင့်ရမှာ မဟုတ်ပါဘူး။ ၀င်လာဘီဆို၇င်လည်း အမှန်အသိကို ပြန်လက်ခံပြီး အမှားအသိတွေကို ပါယ်ဘို့ ကြိုးစားပါ။ ဘာဖြစ်ချင် ညာဖြစ်ချင်တဲ့ စိတ်ကို လုံးဝအလိုမလိုက်ပါနဲ့ ။ အိပ်စရာရှိတယ် ထင်လို့ အိပ်ချင်နေတာပါ။ စားစရာရှိတယ် ထင်လို့ စားချင်နေတာပါ။ တခုခုရှိတယ်လို့ အသိကို လက်ခံလိုက်တာနဲ့ နောက်ကဘာဖြစ်ချင် ညာဖြစ်ချင်တဲ့ စိတ်တွေ တောက်လျှောက်ပေါ်လာမှာပါ။ နာတယ်ဆိုတဲ့ အသိကို လက်ခံလိုက်ရင် ပြောင်းချင်ရွှေ့ ချင်တဲ့ စိတ်တွေ ပေါ်လာတယ်။ ပေါ့ပါးတယ်ဆိုတဲ့ စိတ်ကို လက်ခံ၇င် ပေါ့ပေါ့ပါးပါး ပေါ်လာမှပါ။ ငြီးငွေ့ တယ် ပျင်းတယ် ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုတဲ့ စိတ်ကို လက်ခံရင်လည်း ဒီလိုမနေချင် ဟိုလိုမနေချင် မလုပ်ချင်တဲ့ စိတ်တွေသာ တောက်လျှောက် ပေါ်လာမှာပါ။ အဲ့ဒါကြောင့် ဘာစိတ်ကိုမှ လက်မခံဘဲ ဘာမှမဟုတ်ဘူးလို့ ဘဲ တောက်လျှောက်နှလုံးသွင်းပေးပါ။ စိတ်ကို တနေရာရာမှာ ထိမ်းချုပ်မထားဘဲနဲ့  စိတ်မှန်သမျှကို ဘာမှမဟုတ်ဘူးဆိုတဲ့ အသိနဲ့ ကြည့်ပေးဘို့  ကြိုးစားပေးပါ။ ဘာမှမဟုတ်ဘူးလို့ ကြည့်နေရတဲ့ ရှု့ ထောင့်ကလည်း ငါမပါဘို့ ထပ်ဖြုတ်ရပါမယ်။ တခုခုကို သိချင်နေတဲ့  ၊ ခံစားချင်နေတဲ့ အစွဲ ဖြုတ်တဲ့ နေရာမှာ ဒီလောက်လေး အစွဲပြုတ်၇င် တော်ပါဘီ ဆိုပြီးတော့ ကျေနပ်မနေပါနဲ့ ။ ကျန်တဲ့ အစွဲတွေက ကိုယ့်ကို ဒုက္ခကောင်းကောင်းပေးမှာပါ။ ကျေနပ်နေတဲ့ စိတ်ကြောင့်ဘဲ ဒုက္ခေ၇ာက်နေတာပါ။ ဒီလောက်ဘဲ ဖြုတ်နိုင်တယ် ဒီလောက်ဘဲ တော်ပြီဆိုတဲ့ ညံ့ဖျင်းတဲ့စိတ်ကို လက်မခံပါနဲ့ ။ အဲ့ ဒီလို လျော့တိလျော့လျဲနေခဲ့လို့ လဲ တသံသရာလုံး ဒီအတ္တစိတ်ကြောင့် ဒုက္ခရောက်နေတာပါ။ ဒီလောက် အစွဲပြုတ်မှုလေးမှာ သာယာရင် ဒီ့ထက်ပိုပြီး အစွဲဖြုတ်နိုင်မှာမဟုတ်ပါဘူး။ ကိုယ့်ကိုဒုက္ခပေးမဲ့ ၇န်သူ တယောက်နှစ်ယောက်ကို ချန်ထားရင် အဲ့ဒီချန်ထားတဲ့ တယောက်နှစ်ယောက်ကဘဲ ကိုယ့်ကို ဒုက္ခကောင်းကောင်းပြန်ပေးမှပါ။ ဒါကြောင့် ဘယ်စိတ်ဘဲ ဖြုတ်မယ် ဘယ်စိတ်မဖြုတ်ဘူး ကွက်ပြီးချန်ထားတာတွေ မလုပ်ဘဲနဲ့  စိတ်မှန်သမျှအားလုံးကို ဘာမှမဟုတ်ဘူးလို့  ဆုံးဖြတ်ချက်ချပြီး စိတ်တခုခု လက်ခံဘို့ မကြိုးစားပါနဲ့ ။မီးကို နဲနဲ ကိုင်ရင်နဲနဲ ပူမယ် များများကိုင်ရင် များများပူမယ် ပူတာချင်းတော့ အတူတူပါဘဲ ။ လုံးဝမကိုင်တော့မှ ငြိမ်းချမ်းမှာပါ။ တရားအားထုတ်တဲ့အခါမှာ ရွရွမွမွတွေ မြင်တယ်၊ အလင်းမြင်တယ်၊ ဘာပုံရိပ်တွေမြင်တယ် ဘာဆက်လုပ်ရမလဲလို့  အရမ်းမေးကြပါတယ်။ တကယ်တမ်းကျတော့ အဲ့ဒီအသိတွေ လက်ခံထားတာကိုက မှားတာပါ။ အမှားပုစ္ဆာကို လက်ခံပြီး တွက်နေရင် ဘယ်လို ဘဲ တွက်တွက် အမှားအဖြေဘဲ ထွက်မှာပါ ။အစထဲက ကိုယ်ဖြေရှင်းနေတဲ့ ပုစ္ဆာကိုက အမှားကြီးဖြစ်နေတော့ ဘယ်လိုမှ ဖြေရှင်းလို့ အမှန်မထွက်နိုင်ပါဘူး။ အဖြစ် ကိုသိတဲ့  ဘာအသိဘဲ ပေါ်လာပေါ်လာ လက်ခံပြီးတော့ ဘယ်လိုလုပ်ရမလဲလို့ မစဉ်းစားပါနဲ့ ။ ဖြစ်နေတာတွေရော အဖြစ်ကို လက်ခံတာတွေရော အကုန်လုံးကို ဘာမှမဟုတ်ဘူးလို့ ဆုံးဖြတ်ချက်ချပေးပါ။ ဘာမှမဟုတ်တာမှ တကယ့်အဖြေမှန်အစစ်ပါ။ ဘာဘဲပေါ်လာပေါ်လာ အဖြေကရှင်းရှင်းလေးပါ။ ဘာမှမဟုတ်ဘူးလို့ သိဘို့ ပါဘဲ။ ကျန်တာတွေသိရင် မှားတယ်။ ဘာမှမဟုတ်ဘူးလို့  သိနေဘို့  ရဲရဲကြီးကြိုးစားရမှာပါ။ ပုစ္တာအမှားတွေ ထပ်မထုတ်ဘို့ ဘဲ ကြိုးစား၇မှာပါ။ ကိုယ်က အမှန်သိနေပါဘီ။ အဲ့ အမှန်သိအတိုင်း နေနိုင်ဘို့ ဘဲ ကြိုးစားပေးပါ။ ဘာမှမဟုတ်ဘူးလို့ သိပြီး ဘာကိုမှလိုက်မခံစားဘဲနဲ့ စိတ်မ၀င်စားဘဲနဲ့ နေနိုင်ဘို့ ကြိုးစားပေးပါ။ အတ္တအသိနဲ့ ဒီအမှန်တရားကို ဘာမှ ဝေဖန်စီစစ်ဘို့ မကြိုးစားပါနဲ့ ။ အတ္တအသိနဲ့ တော့ ဘယ်တော့မှ အမှန်တရားကို ဖေါ်ထုတ်နိုင်မှာမဟုတ်ပါဘူး။ အတ္တအသိနဲ့ ဒီအမှန်တရားကို မသိနိုင်တဲ့ အတွက် အ၇င်ဆုံး အတ္တဖြုတ်ဘို့ ဘဲ ကြိုးစားပေးပါ။ အတ္တပြုတ်မှသာ ဒီအမှန်တရားကို နားလည်နိုင်မှာပါ။ ရဲရဲတင်းတင်း ယုံကြည်လက်ခံပေးပါ။ ဘာမှမဟုတ်ဘူးဆိုတဲ့ အနတ္တအမှန်တရားအတွက် ဘာမှအတွန့် တက်စ၇ာ မရှိပါဘူး။ အတွန့် တက်ချင်နေတဲ့ တခုခုဖြစ်ချင်နေချင်တဲ့ စိတ်ကို လက်မခံဘဲ မရ.. ရအောင် သတ်ရမှာပါ။ သတ်ပြီးရင်လည်း ဘာမှမဟုတ်ဘူးဆိုတဲ့ အမှန်တရားကို ဆက်ခါဆက်ခါ လက်ခံနိုင်ဘို့် ကြိုးစားပါ။ အတ္တစိတ်တွေကို အသေထားဘို့ ကြိုးစားပေးပါ။ အဲ့ဒါမှဘဲ စိတ်လေးတွေက စင်ကြယ်ပြီး အတ္တကင်းမှာပါ။ ကိုယ်ဘက်က ပါဝင်ပူးပေါင်းလိုက်မယ် ဆိုရင်တော့ အတ္တစိတ်ဖြစ်သွားမှာပါ။ လိုက်ပြီး ပါဝင်ပူးပေါင်းချင်စိတ် ခံစားချင်တဲ့ စိတ်တွေကို ဖြစ်ခွင့်မပေးဘဲနဲ့  မဆိုင်သလို ထားဘို့ ကြိုးစားပေးပါ။ မဆိုင်သလို မထားနိုင်တဲ့ အမြဲတမ်း ပါဝင်ပူးပေါင်းချင်နေတဲ့  အမြဲတမ်းအမောက်ထောင်ချင်နေတဲ အတ္တစိတ်ကို ဖြစ်ခွင့် မပေးပါနဲ့ ။ ဦးနှောက်နဲ့ မှတ်ထားတဲ့ ဘာဘဲညာဘဲဆိုတဲ့ သင်္ညာ အသိတွေကို အကုန်လုံးဖြုတ်ပေးပါ။ TV မြင်တာနဲ့ ကြည့်စရာဘဲ ကားမြင်တာနဲ့  စီးစရာဘဲ အသံကြားတာနဲ့ ဘာသံဘဲ ညါသံဘဲ နာတယ်ဆိုတာနဲ့ ပြောင်းရမှာဘဲ အဲ့လို အသိတွေက ဦးနှောက်နဲ့ မှတ်ထားတဲ့ သင်္ညာအသိ အမှားအသိတွေပါ။ အမှန်တ၇ားကိုဦးနှောက်နဲ့ စဉ်းစားလို့ မရပါဘူး။ ဒါကြောင့် ဦးနှောက်နဲ့ သိဘို့ မကြိုးစားဘဲနဲ့  ဒီအမှန်တ၇ားကိုဘဲ ရဲရဲလက်ခံပြီး ဒီအမှန်တရားကိုအတိုင်းနေနိုင်ဘို့  များများကြိုးစားပေးပါ။ သတ်မှတ်ချက်တွေကိုဘဲ သိတဲ့ ကိုယ့်ဦးနှောက်အသိနဲ့ တော့ ဘုရားရဲ့ အသိအမှန်တရားကိုသိတဲ့ အသိကို ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ပါဘူး။ စိတ်ကမတည်ငြိမ်ဘူး စိတ်ကို ဖမ်းလို့ မရဘူးဆိုပြီးတော့ စိတ်ကို လိုက်ချုပ်ဘို့ လိုက်ဖမ်းဘို့ ကြိုးစားပါနဲ့ ။ အဲ့စိတ်ကို လက်မခံဘို့ ကြိုးစားနေရမှာပါ ။ လိုက်ချုပ်ချင်နေတဲ့ စိတ် တည်ငြိမ်အောင် လုပ်နေတဲ့စိတ် အဲ့ဒီစိတ်ကိုဘဲ စွန့် လွှတ်ဘို့ ကြိုးစားရမှာပါ။ စိတ်ကို လိုက်ဖမ်း၇မှား လိုက်ချုပ်၇မှာ လိုက်ထိမ်းရမှာ မဟုတ်ပါဘူး။ ဘာစိတ်မှ အဖြစ်အောင်၊ မပေါ်အောင် အမြဲတမ်းဘာမှမဟုတ်ဘူးလို့ သတိပေးနေရမှာပါ။ တရားက ဘာရှု့ မှတ်ရမလဲ မသိဘူးလို့ တွေဝေစရာ မရှိပါဘူး။ ကိုယ်ဘာသာကို ဘာစိတ်မှမပေါ်အောင် ဘာဘဲညာဘဲ တခုခု အသိကို လက်မခံဘဲနဲ့  နေနိုင်ဘို့ ဘဲ ဆက်ခါဆက်ခါ ကြိုးစား၇မှာပါ။ အဲ့ဒါမှ တကယ်အတ္တကင်းကင်း နေတာပါ။ တကယ် တ၇ားနဲ့ နေတာပါ။ တ၇ားအားထုတ်တာဟာ တခုခု ထိမ်းချုပ်ထားမှ တခုခု သိနေရမှ လို့ မထင်ပါနဲ့ ။ တရားလုပ်တာ ဆက်ခါဆက်ခါ အတ္တဖြုတ်တဲ့ အလုပ်ပါ။ အတ္တကို လက်မခံတာ အမှန်တရားနဲ့ နေတာပါဘဲ ။ အမှားအသိတွေ ဖြစ်ခွင့်မပေးတာ တရားနဲ့ နေတာပါဘဲ။ စိတ်တွေ အပေါ်မှာ လိုက်စိတ်မ၀င်စားတာ လိုက်မခံစားတာ လိုက်ပူးပေါင်းမနေတာ သဘာဝနဲ့ တသားထဲနေတာပါ။ အမှန်တရားအသိဥာဏ်နဲ့ နေတာပါ။ အတ္တကင်းကင်းနေတာပါ။ ကိုယ်စွဲထားတာများရင်တော့ များသလောက်ပြန်ဖြေရမှာပါ။ အတင်းကြီးချက်ချင်း ချက်ချင်း အကုန်ပြုတ်သွားချင်လို့ လဲ မ၇ပါဘူး။ ဘာမှမဟုတ်ဘူးဆိုတဲ့ အမှန်တရားကိုဘဲ ကြိတ်မှိတ်လက်ခံပြီး ကျန်တဲ့ အတ္တအသိ အမှားအသိတွေကို လက်မခံဘဲနေမယ်ဆိုရင် အတ္တအမြန်ဆုံးပြုတ်နိုင်မှာပါ။ မြန်မြန်ဖြုတ်ချင်နေရင်တော့ ပြုတ်မှာ မဟုတ်ပါဘူး။ ကိုယ့်ဘက်က မမြဲတမ်း အတ္တသိ အမှားသိနဲ့ မနေဘို့ ဘဲ စက္ကန့် မလပ်ကြိုးစား၇မှာပါ။ အမှန်တရားနဲ့ နေရတာ အမှန်တရား အသိနဲ့ နေ၇တာ မနေနိုင်လို့ စိတ်ဓါတ်ကျတာမျိုးလည်း အဖြစ်မခံပါနဲ့ ။ ကိုယ်စိတ်ဓါတ်ကျပြီးတော့ အမှန်တရားအတိုင်း မနေတော့ဘဲ နေရင်တောင်မှ ဒီအမှန်တရားကြီးက ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ အဲ့ဒါကြောင့် စိတ်ဓါတ်ကျပြီးတော့ ဒီအမှန်တရား ကို မသိချင်တဲ့ အတ္တစိတ်ကို ပြန်ပြီးတော့ ဘာမှ မဟုတ်ဘူးဆိုပြီးတော့ နှလုံးသွင်းပေးရမှာပါ။ ဒီအမှန်တရားကို ရဲရဲကြီးလက်ခံပြီး ဒီအမှန်တရား အသိဥာဏ်နဲ့ ဘဲ အမြဲနေနိုင်ဘို့ ဘဲ ကြိုးစားပေးပါ။
| |
|