maythet's posts with tag: တ၇ား=natural
၂၀၀၈ခုနှစ် ၅လပိုင်း ၂ရက်နေ့ နဲ့ ၃ရက်နေ့ မှာလည်း တနေ၇ာ၇ာဆိုတဲ့ မြန်မာနိုင်ငံ တိုင်းနယ် ပြည်နယ်တွေကို တခုခုဆိုတဲ့ လေမုန်တိုင်း ကြီးနဲ့  မြေပြင်တွေေ၇ပြင်တွေကို တယောက်ယောက်ဆိုတဲ့  ပြည်သူ ပြည်သားတွေ နဲ့ တခုခုဆိုတဲ့ အိုးတွေ အိမ်တွေကို တခုတယောက် တချိန်တနေ၇ာဆိုတဲ့ ဓါတ်တွေ ပေါင်းဆုံကြတာဘဲ ။ တကယ်ရှိတာကတော့ ဓါတ်သဘောတွေ ဖောက်ပြန်တာပါဘဲ။ပင်လယ်ပြင်မှာ အာပေါဓါတ် ကခေါင်းဆောင်နေသလို ကုန်းမြေပေါ်မှာ ပထ၀ီဓါတ်က ခေါင်းဆောင်နေပါတယ်။ လေထုကြီးမှာ ၀ါယောဓါတ်က ခေါင်းဆောင်နေတာပါ။ ၀ါယောက လှုပ်တာ ငြိမ်တာ ပါဘဲ ။ တခုခုဆိုတဲ့ လေမုန်တိုင်း ရှိတာ မဟုတ်ပါဘူး။ လေက လှုပ်တယ် ဆို၇င်ေ၇ကပါ လှုပ်၇ပါတယ် ။ေ၇က လှုပ်နေ၇င်ေ၇နဲ့ ဆက်စပ်နေတဲ့ မြေကြီးကပါေ၇၇ဲ့  လွှမ်းမိုးမှုကို ခံ၇ပါတယ်။ ဓါတ်တွေ ဖောက်ပြန်တာပါဘဲ။ သက်ရှိသက်မဲ့တွေ မရှိပါဘူး မမြင်နိုင်မကြားနိုင်တဲ့  ဓါတ်ဖောက်ပြန်မှုတွေဘဲ ရှိပါတယ်။ သင်္ခါ၇တ၇ားက ဆန့်ကျင်ဘက်တွေ ပေါင်းစုထားတဲ့ အတွက် အမြဲတမ်း မငြိမ်မသက် ဖြစ်နေမှာပါဘဲ။ အဲ့ဒါကြောင့် ဘု၇ားရှင်တောင်မှ ၀မ်းတော်လား၇ပါတယ်။ ဘု၇ားရှင်၇ဲ့ တန်ခိုးတော် အနတ္တနဲ့ တောင် အာပေါဓါတ်ရဲ့ ဖောက်ပြန်မှုကို တားဆီးလို့ မ၇ပါဘူး။ ဘု၇ားရှင်တောင်မှ အိုမင်း၇င့်ေ၇ာ်၇ပါတယ်။ ဒါ ပထ၀ီဓါတ်၇ဲ့ ဖောက်ပြန်မှုကို တားဆီးလို့ မ၇ပါဘူး။ သင်္ခါ၇တ၇ား ကနေ ထွက်နိုင်ဘို့ ကြိုးစား၇မှာပါ။ ဘယ်လိုကောင်းအောင်လုပ်၇မယ် မဟုတ်ပါဘူး။ နားလည်၇မယ်။ ဆန့်ကျင်ဘက်လုပ်၇မှာမဟုတ်ဘူး။ ဒီဓါတ်သဘောတွေလုံးဝမရှိတဲ့ နိဗ္ဗာန်ကို ရှာ၇မှာ။ လူတွေ၇ဲ့  စိတ်စေတသိတ်တွေက လောဘဒေါသမောဟတွေ အားကြီးမယ် ဆို၇င် လူတွေ ၇ဲ့ ရုပ်တွေက ဖောက်ပြန်တာပါဘဲ။ လောဘရုပ် ဒေါသရုပ် မောဟရုပ်တွေနဲ့ မလုပ်သင့်တာတွေ လုပ်မှာဘဲ ။ ဒီတော့ မဖြစ်သင့်တာတွေ ဖြစ်တာပါဘဲ ။
မျက်စိတမှိတ် ဆိုတဲ့ အချိန်ကာလလေးအတွင်းမှာ စိတ်စေတသိက်တွေက အသစ်အသစ်သော စိတ်ပေါင်း စေတသိက်ပေါင်း ကုဋေ တစ်သိန်း အသစ် လဲပြီးသွားပါပြီ ဒီစိတ်ဒီစိတ်ရယ်လို့ မဟုတ်ပါဘူး စိတ်ရှိတယ်ဆိုတာ ယူရမှာ မဟုတ်ပါဘူး စိတ်ရှိတယ်ယူလို့ ငါ့စိတ်လုပ်လို့ ကိုယ်ဖန်ဆင်းထားတဲ့စိတ်နဲ့ ကိုယ်ပြသနာ တက်နေရတာပါ ယူလို့ရတဲ့စိတ်က အကြံအဖန်စိတ်ပါပဲ ဟိုယူဒီယူယူတဲ့ စိတ်ကလည်း ဘုရားဟောတဲ့စိတ် အနတ္တစိတ်မဟုတ်ပါဘူး အတ္တစိတ်ပါ ကိုယ်အတ္တစိတ်ကို အသုံးပြုနေလို့ ပြီးပြည့်စုံတဲ့ အနတ္တချမ်းသာကို ဆုံးရှုံးနေပါတယ်။ ဆုပ်ကိုင်ထားတာ ဒီဆရာပဲ ဒီတပည့်ပဲဆိုတာ ဒါတစ်ယောက်ယောက်ကို လှေနံဓါးထစ် ဆုပ်ကိုင်ထားတဲ့စိတ်က အတ္တစိတ်ပါပဲ အသက်ပဲ၊ စက္ကန့်မိနစ်နာရီပဲ၊ ရက်လနှစ်တွေပဲ၊ အတိတ်ပဲ၊ ပစ္စုပန်ပဲ၊ အနာဂတ်ပဲ၊ ဒီလိုအချိန် ကာလတွေကို လက်ခံနေတာ အတ္တစိတ်ပါပဲ တောင်စွဲမြောက်စွဲ စွဲနေတာပါ အိမ်ပဲ ရိပ်သာပဲ တောတောင်ရေမြေတွေပဲ နေပဲ လပဲ ကမာပဲ အဲဒီလိုယူနေတာတွေကလည်း အတ္တစိတ်ပါပဲ မျက်စိဆိုတာတစ်ခုခုပါ တစ်ခုခုကို လက်ခံပြီးတော့မှ သိတဲ့အသိတွေက အမှန်တရား မဟုတ်ပါဘူး ဦးနှောက်နဲ့စဉ်းစားပြီး သိတဲ့အသိကလည်း တစ်ခုခုနဲ့ရင်းပြီးတော့မှ သိတဲ့အသိ ဖြစ်တဲ့အတွက် တကယ့်တရားအစစ်ကိုသိတဲ့အသိမဟုတ်ပါဘူး | 03 20080422 45B Real Dhama | | | | | |
| 01 20080330 POL Chinese Temple Chinese Teaching | | | | | |
| 01 20080316 MS1 Not Concept But Reality Behind Words(ED) | | Misheu 1 | | Sayadaw U Ottamasara | |
|
|