maythet's posts with tag: dhamma
မျက်စိတမှိတ် ဆိုတဲ့ အချိန်ကာလလေးအတွင်းမှာ စိတ်စေတသိက်တွေက အသစ်အသစ်သော စိတ်ပေါင်း စေတသိက်ပေါင်း ကုဋေ တစ်သိန်း အသစ် လဲပြီးသွားပါပြီ ဒီစိတ်ဒီစိတ်ရယ်လို့ မဟုတ်ပါဘူး စိတ်ရှိတယ်ဆိုတာ ယူရမှာ မဟုတ်ပါဘူး စိတ်ရှိတယ်ယူလို့ ငါ့စိတ်လုပ်လို့ ကိုယ်ဖန်ဆင်းထားတဲ့စိတ်နဲ့ ကိုယ်ပြသနာ တက်နေရတာပါ ယူလို့ရတဲ့စိတ်က အကြံအဖန်စိတ်ပါပဲ ဟိုယူဒီယူယူတဲ့ စိတ်ကလည်း ဘုရားဟောတဲ့စိတ် အနတ္တစိတ်မဟုတ်ပါဘူး အတ္တစိတ်ပါ ကိုယ်အတ္တစိတ်ကို အသုံးပြုနေလို့ ပြီးပြည့်စုံတဲ့ အနတ္တချမ်းသာကို ဆုံးရှုံးနေပါတယ်။ ဆုပ်ကိုင်ထားတာ ဒီဆရာပဲ ဒီတပည့်ပဲဆိုတာ ဒါတစ်ယောက်ယောက်ကို လှေနံဓါးထစ် ဆုပ်ကိုင်ထားတဲ့စိတ်က အတ္တစိတ်ပါပဲ အသက်ပဲ၊ စက္ကန့်မိနစ်နာရီပဲ၊ ရက်လနှစ်တွေပဲ၊ အတိတ်ပဲ၊ ပစ္စုပန်ပဲ၊ အနာဂတ်ပဲ၊ ဒီလိုအချိန် ကာလတွေကို လက်ခံနေတာ အတ္တစိတ်ပါပဲ တောင်စွဲမြောက်စွဲ စွဲနေတာပါ အိမ်ပဲ ရိပ်သာပဲ တောတောင်ရေမြေတွေပဲ နေပဲ လပဲ ကမာပဲ အဲဒီလိုယူနေတာတွေကလည်း အတ္တစိတ်ပါပဲ မျက်စိဆိုတာတစ်ခုခုပါ တစ်ခုခုကို လက်ခံပြီးတော့မှ သိတဲ့အသိတွေက အမှန်တရား မဟုတ်ပါဘူး ဦးနှောက်နဲ့စဉ်းစားပြီး သိတဲ့အသိကလည်း တစ်ခုခုနဲ့ရင်းပြီးတော့မှ သိတဲ့အသိ ဖြစ်တဲ့အတွက် တကယ့်တရားအစစ်ကိုသိတဲ့အသိမဟုတ်ပါဘူး | 03 20080422 45B Real Dhama | | | | | |
 | 03 UPNDa | May 11, '08 1:06 AM for everyone |
|
|