maythet's posts with tag: dhamma talks
မျက်စိကိုအသာလေးမှိတ်ထားပါ။ .ခေါင်းကိုမတ်မတ်ထား ။ခါးကိုမတ်မတ်ထား.တစ်ကိုယ်လုံးမှာ ရှိတဲ့အ ကြောတွေကိုလျော့ ထားပါ။ ။ အံမကြိတ်နဲ့။ မာန်တင်းမထားနဲ့။. မျက်မှောင်မကုတ်နဲ့ မျက်တောင် မခတ်နဲ့ ။ ကိုယ့်ရဲ့ စိတ်၊ လိုအင်ဆန္ဒတွေကို လက်မခံပါနဲ့ ။ စိတ်ကို အလိုလိုက်ဖို့ တရားအားထုတ်ရတာ မဟုတ်ပါဘူး။ စိတ်ကို အလိုလိုက်နေတာကိုက တရားအားမထုတ်တာ၊ တရားနဲ့ မနေတာပါဘဲ။ ကိုယ့်ရဲ့  စိတ်က ကိုယ်လို သူလို စိတ်ပါ။ လုပ်ချင်တာ လုပ်နေတာ၊ ကိုယ်နားလည်တာ လုပ်နေတာ၊ စိတ်ကို လက်ခံနေတာ တရားမဟုတ်ပါဘူး။ ကိုယ့်မှာဖြစ်နေတဲ့  စိတ်တွေက တရားမဟုတ်ပါဘူး။ ကိုယ်သိနေတဲ့ စိတ်တွေက စိတ်အစစ်မဟုတ်ပါဘူး။ အတ္တစိတ်တွေပါ။ မွေးမြူေ၇းစိတ်တွေပါ။ စိတ်အတုတွေကို ဆန့် ကျင်နေမှ၊ လေ့ကျင့်ပေးထားတဲ့ စိတ်တွေကိုဆန့် ကျင်နေမှ တရားအလုပ်ပါ။ ကိုယ့်ကိုကိုယ် ဂရုစိုက်နေတဲ့စိတ်၊ စိတ်ကို အသိအမှတ်ပြုနေတဲ့ စိတ်က ကိုယ်လို သူလို အသုံးမကျတဲ့  စိတ်၊ မတရားတဲ့ စိတ်ပါဘဲ ။ စိတ်၇ှိတယ် လက်ခံပီး စိတ်ကို သိမ်းပိုက်နေတာပါ။ ကိုယ့်ရဲ့ စိတ်ကို သံယောဇဉ်ဖြတ်ပါ။ စိတ်ကို လက်မခံပါနဲ့  ။ ဆံပင်တွေ၊ ခြေသည်း လက်သည်းတွေ ရှိတော့ ရှိနေတာဘဲ ။ ဒါပေမဲ့ ခံစားချက်မရှိဘူး။ ဆံပင်ညှပ်လိုက်လို့  လဲ စိတ်ထဲမှာ ဘယ်လိုမှ မနေဘူး။ ကတုံး တုံးလိုက်လို့ လဲ စိတ်ထဲမှာ ဘာဝေဒနာမှ မပေါ်သလို၊ ရှိတော့ရှိတယ်၊ ဒါပေမဲ့  အကြောတွေနဲ့ ဆက်သွယ်မထားတော့ သီးခြားရှိနေသလိုပေါ့။ စိတ်ကိုလည်း သီးခြားထားပါ။ တဏှာအကြောလေးတွေနဲ့  သွားပီးတော့မှ မဆက်ပါနဲ့ ။ စိတ်ကသူဟာနဲ့ သူတွေးချင်တွေးမယ်။ ပူချင်ပူမယ်။ ပျံ့  ချင်ပျံ့ မယ်။ အဲ့ ဒါတွေကို ငါ့ဟာ.. ငါ့ဟာ… ဆိုပီးတော့ မသိမ်းပိုက်နဲ့ ။ စိတ်က ပူချင်ပူမယ်၊ သံသယဖြစ်ချင်ဖြစ်မယ်၊ ဖြစ်တာတွေကို ငါ့ဟာ မလုပ်နဲ့ ။ ဖြစ်တာတွေကို လက်ခံလိုက်ရင် သိမ်းပိုက်လိုက်တာဘဲ ။ သူ့ ဟာနဲ့ သူရှိနေတာ၊ စိတ်ကဖြစ်နေတာ ကိစ္စမရှိဘူး။ ဒါတွေကို သွားပီး မသိမ်းပိုက်နဲ ကြားတော့ကြားနေမယ်.. ဘာဘဲညာဘဲ သိလိုက်ရင် သိမ်းပိုက်လိုက်ပီ။ သူ့ ဟာနဲ့ သူရှိနေပလေ့စေ။ ကမ္ဘာကြီး သူ့ ဟာနဲ့  သူလည်နေတာ ကိစ္စမရှိဘူး။ သိမနေတဲ့ အခါကျတော့ ကိုယ်က မူးမနေသလိုပေါ့။ ရဟတ်စီးလိုက်ရင် ကိုယ်က လည်မှန်း သိနေတော့ ကိုယ်ကမူးရော… ကားစီးရင်လည်း ကားကသွားနေမှန်းသိတဲ့  အခါကျတော့  စိတ်က မူးနောက်နောက် ဖြစ်လာရော… ဒါဟာ ငြိမ်တာ စွဲနေလို့ .. လှုပ်ရှားတာကျတော့ လက်ခံလို့ မရဘူးဖြစ်နေရော.. လှုပ်ရှားရတာများလွန်းရင်လည်း လှုပ်ရှားရတာ ရိုးသွားပီးတော့ ငြိမ်နေရင် စိတ်ကငြိမ်ငြိမ်မနေတတ်ဘူးဖြစ်ပြန်ရော.. ဘောင်းဘီဝတ်ဘောင်းဘီစွဲ၊ ပုဆိုးဝတ် ပုဆိုးစွဲ၊ တိုက်ပုံဝတ် တိုက်ပုံစွဲ၊ အင်္ကျီဝတ် အင်္ကျီစွဲတာဘဲ။ ကိုယ်တုံးလုံးနေ၇င် တုံးလုံးနေ၇တာကြီး စွဲနေတာဘဲ။ ကိုယ့်မှာ ဖြစ်နေတဲ့ စိတ်တွေက ကိုယ်စွဲနေတဲ့  စိတ်တွေပါ။ ကိုယ်တငါငါနဲ့  လက်ခံခဲ့ တဲ့  စိတ်တွေပါ ။ အဲ့ စိတ်တွေကို စွန့် လွှတ်။ စွန့်  လွှတ်တဲ့  စိတ်ကို လက်ခံပါ။ မသိမ်းပိုက်တဲ့ စိတ် ဖြစ်နေတာကိုတော့ လက်ခံတယ် ၊စိတ်ကတော့ လက်မခံရဘူး။ အသံတွေကိုတော့ လက်ခံတယ်၊ အသံတွေ သူ့ ဟာနဲ့  သူရှိနေတာကို လက်ခံတယ်။ ဒါပေမဲ့  စိတ်ကဒါတွေကို လက်ခံပီးတော့ နားထောင်မနေရဘူး။ ဘာသံဘဲ ဆိုပီး လက်ခံနားထောင်မနေရဘူး ။ နားငြီးတယ် ဆိုပီးတော့မှ နားတော့ မပိတ်ထားဘူး။ သူ့  ဟာနဲ့ သူရှိတော့ ရှိနေမယ်။ ဒါပေမဲ့ အဲ့ ဒါတွေကို သွားပီးတော့မှ မစပ်စုရဘူး။.ေ၇ဒီယိုဖွင့်သလိုမျိုး၊TV ဖွင့်သလိုမျိုး၊ သူ့ ဟာနဲ့ သူ အသံလွှင့်နေတာတော့ လွှင့်နေတာဘဲ … ကိုယ်က စပ်စုလိုက်ရင် အသံတွေ ကြား၇ရော… ဘာပြောတာ၊ ညာပြောတာသိရော.. ကိုယ့် ရဲ့ စိတ်က အမြဲတမ်းေ၇ဒီယိုဖွင့်၊TV ဖွင့်သလို၊ မျက်လုံးဖွင့်သလို၊ ပါးစပ်ဖွင့်သလို အမြဲတမ်းဖွင့်နေတာ… အဲ့ ဒီဖွင့်တဲ့ စိတ်ကို ဆန့်  ကျင်ရမယ်။ ဖွင့်တဲ့ မျက်စိပိတ်သလို ပိတ်ထားရမယ်။ စိတ်ကိုလည်း ဆန့် ကျင် နေရမယ်။ စိတ်က အဆင်းတွေ၊ အသံတွေ၊ အနံ့ တွေ၊ အရသာတွေကို မစပ်စုရဘူး။ အသိအမှတ်မပြုရဘူး။ စိတ်မ၀င်စား၇ဘူး။ စိတ်ကို သံယောဇဥ် ဖြတ်ရမယ်။ စိတ်ဆိုတာ ဘာလဲတော့ မမေးနဲ့ ၊ ကိုယ့်မှာ ဖြစ်နေတာ စိတ်ပဲ ရှိတယ်။ ဟိုတွေးဒီတွေးတွေးနေတာ၊ ဟိုသိဒီသိ သိနေတာ၊ ဟိုပူဒီပူ ပူနေတာ၊ ဒါတွေ အကုန်လုံးဟာ စိတ်ပဲ။ အဲ့ ဒါကို သံယောဇဉ်ငြိတွယ်နေလို့ စိတ်ဖြစ်သမျှ အကုန် လိုက်သိနေတာ။ ခန္ဓာငါးပါးဖြစ်သမျှ လိုက်ပီးတော့မှ သိနေတာ။ အဲ့ ဒီ အသိတွေကို၊ တဏှာနှောင်ကြိုးတွေကို ဖြတ်တောက်ပစ်ရမယ်။ သူ့ ဟာနဲ့ သူဖြစ်နေတာ ကိစ္စမရှိဘူး။ ပြောချင်၇ာပြော ဒါပေမဲ့ အဲ့ပြောတာတွေကို စိတ်မ၀င်စားဘူး။ ပြောတာတွေကို သံယောဇဉ်ပြတ်နေတယ်။ အဲ့စိတ်က အသံတွေကို လက်ခံပီး ပေါင်းမနေဘူး။ အသံကြားတိုင်း လိုက်ပြီးတော့မှ နားထောင်မနေဘူး။ အသံဆိုတော့လဲ မကြားတဲ့  အသံတွေကို ဖြတ်စရာမလိုပါဘူး။ အခုပစ္စုပ္ပန်ကြားနေတဲ့  အသံတွေကို ဖြတ်ရမှာ။ အဲ့ဒါတွေ အပေါ်မှာ သံယောဇဉ်ပြတ်အောင် ဖြတ်၇မယ်။ အသံတွေ ကြားနေ၇တယ်ဆိုတာက ဒါအသံတွေကို သံယောဇဉ်ရှိနေတာဘဲ။ ကြားတယ်လို့  သိနေရင် သံယောဇဉ် မပြတ်တာဘဲ။ မပြတ်တာကို ပြတ်အောင်ဖြတ်၇မယ်။ စိတ်က ဘာဘဲ ညာဘဲ မသိ၇ဘူး။ အဆင်းတွေကို လက်ခံပီး ပေါင်းမနေဘူး။ အဆင်းဆိုလို့  ကိုယ်မမြင်တဲ့ အဆင်းကို ဖြတ်စရာ မလိုပါဘူး။ ကိုယ့်စိတ်အာရုံထဲမှာ ပေါ်လာတဲ့ အဆင်းတွေကို ဖြတ်ရမှာပါ။ စာလုံးတွေကို လက်ခံပီး ပေါင်းမနေဘူး။ ရေးချင်တာရေး ငါစာတတ်တယ် ဆိုပြီးတော့ တတ်တဲ့  ပညာမနေသာဆိုသလို စာမြင်တိုင်း လျှောက်ဖတ်မနေဘူး။ လောကကြီးက သူများကို ရှင်းနေတာ။ ဟစ်တလာဆိုပြီး အပြတ်ရှင်းတာဘဲ ။ ဘင်လာဒင်ဆိုပြီး အပြတ်ရှင်းတာဘဲ။ ဘာ…ဘာသာဆို ပြီးတော့မှ ဘာသာတွေကို အပြတ်ရှင်းတာ။ ဘာလူမျိုးဆိုပြီး လူမျိုးတွေကို ပြုတ်အောင် ဖြုတ်နေတာ ။ သူများရှိတယ်လို့  လက်ခံပြီးသူများကို အပြုတ်ဖြုတ်တယ်။ တရားအလုပ်က ကိုယ့်စိတ်ရဲ့  သူများရှိတယ်ဆိုတဲ့ အထင်မှားကို အပြတ်ဖြုတ်တာ။ ကိုယ့်ရဲ့ စိတ်ကိုဘဲ အပြုတ်ဖြုတ်တာ။ ကိုယ့်စိတ်ကို သံယောဇဉ်ဖြတ်တာ။ စိတ်နဲ့  တကိုယ်လုံးနဲ့  ဆံပင်တွေ၊ သွားတွေ၊ခြေသည်း၊လက်သည်းတွေက လွဲရင် ကျန်တာတွေနဲ့  အသားတွေနဲ့ အသွေးတွေနဲ့ အကြောမျှင်လေးတွေနဲ့  ဆက်သွယ် ထားသလို ဆက်သွယ်ထားတော့ ခန္ဓာကိုယ်မှာ တခုခု ဖြစ်တာနဲ့ စိတ်က သိတော့တာဘဲ။ လျှာနဲ့ စိတ်နဲ့ အဆက်အသွယ်ရှိနေတယ်။ ခြေတွေ၊ လက်တွေ၊ ခေါင်းတွေနဲ့ မျက်စိ၊နား၊နှာခေါင်းတွေနဲ့ စိတ်နဲ့ ကအဆက်အသွယ်ရှိနေတာ။ သံယောဇဉ်ဖြစ်နေတယ်။ မခွဲနိုင် မခွါရက်ဖြစ်နေတယ်။ အိမ်ထောင်ကျနေတယ်ပေါ့။ အဲ့ဒီအိမ်ထောင်ရေးကို ကွာရှင်းပြတ်စဲ၇မယ်။ သူဟာနဲ့ သူနေပလေ့စေ။ မျက်စိက သူဟာနဲ့ သူနေပလေ့စေ။ ဆံပင်လိုမျိုး၊ ခြေသည်း၊လက်သည်းတွေလိုဘဲ လက်သည်းညှပ်လဲ မနာသလိုဘဲ ။ ဘာလို့ လဲ ဆိုတော့ အဆက်အသွယ်မရှိလို့ ။ ကမ္ဘာပေါ်မှာ လူတွေအများကြီးသေသလိုဘဲ ။ ကိုယ့်မသိတဲ့သူ သေတာကျတော့ ကိုယ်နဲ့  အဆက်အသွယ်မရှိတော့ ကိုယ်ကဘာမှ မခံစား၇သလိုဘဲ။ ကိုယ့်ဆွေမျိုးသေတယ် ဆိုရင်တော့ ကိုယ်နဲ့  အဆက်အသွယ်ရှိတော့ ကိုယ်မှာ ခံစား၇သလိုဘဲ။ လူလူချင်းဘဲ အဆက်သွယ်ရှိတာနဲ့ မရှိတာကွာပြီး ကိုယ့်မှာ ခံစားချက်ဖြစ်တယ်၊ မဖြစ်ဘူးဆိုတာ ကွာခြားပါတယ်။ အဲ့ လိုဘဲ ကိုယ့်ရဲ့  စိတ်စေတသိတ်၊ရုပ်၊ ခန္ဓာငါးပါးစလုံးကို သူ့ ဟာနဲ့ သူရှိပါစေ။ မဆက်သွယ်ရဘူး။ အဆက်အသွယ်ဖြတ်ရမယ်။ ခန္ဓာငါးပါးကို မငြိတွယ်တဲ့  ခန္ဓာငါးပါးဖြစ်အောင် ကြိုးစား၇မယ်။ ခန္ဓာငါးပါးက ဘာနဲ့ မှ မဆက်သွယ်တဲ့ ခန္ဓာငါးပါးဖြစ်၇မယ်။ သွားနှုတ်တဲ့ အခါ ထုံဆေးထိုးသလိုပေါ့… အနားမှာရှိတဲ့  အကြောတွေကို ယါယီဖြတ်တောက်ထားတဲ့  အခါကျတေါ့ သွားနှုတ်တဲ့  အခါမှာ နာကျင်နေပေမဲ့  စိတ်က မသိတော့ဘူး။ ဘာလို့ လဲဆိုတော့ အဆက်အသွယ်ဖြတ်တောက် ထားတဲ့  အခါကျတော့ စိတ်ကမသိတော့ နာမှန်းမသိတော့ဘူးပေါ့ ။ အဲ့လိုဘဲ ကိုယ်က အဆက်အသွယ် ဖြတ်နေရမယ်။ အဆင်းကို မဖျက်စီးဘူး။ အသံတွေကို ရပ်တန့် ပစ်ဖို့  မကြိုးစားဘူး။ ကိုယ့်ရဲ့  အသံတွေကို ငြိတွယ်နေတဲ့  သံယောဇဉ်ကိုသာ ဖြတ်ပါတယ်။ ငါဖြတ်တာမဟုတ်ဘဲနဲ့  ခန္ဓာငါးပါးကဖြတ်၇ပါမယ်။ ဖြတ်ရုံလေး ဖြတ်ရပါမယ်။ စွန့်  လွှတ်ရုံလေး စွန့် လွှတ်ရပါမယ်။ စွန့် လွှတ်တဲ့  ခန္ဓာငါးပါးကိုသာ လက်ခံရပါမယ်။ စိတ်ကို ရှိတယ်လို့ တော့ လက်ခံ၇ပါမယ်။ အဲ့ ဒီစိတ်ကို ငါလုပ်နေတာက ကိုယ်လို သူလိုစိတ်ဘဲ ။ အဲ့ ဒီစိတ်ကို မငြိတွယ်တဲ့  စိတ်ပေါ်ပေါက်လာဖို့ ကြိုးစား၇မယ်။ လူတော့ လူဘဲ … ဘုန်းကြီး၊ သီလရှင်တွေလိုပေါ့ ..လူနဲ့  မပေါင်းဘဲ လူမဟုတ်တဲ့  ဘုန်းကြီး၊ သီလရှင်တွေနဲ့  အချင်းချင်းပေါင်းသလိုပေါ့။ အခုကိုယ့်ရဲ့ စိတ်ကလည်း စိတ်.. စိတ်ချင်းပေါင်းနေတာ။ ပစ္စုပ္ပန်စိတ်ကတော့ ပစ္စုပ္ပန်ခန္ဓာငါးပါးကတော့ ခန္ဓာငါးပါးချင်းပေါင်းနေတာ။ ခန္ဓာငါးပါးနဲ့ ပတ်သက်တာတွေကိုဘဲ… အဆင်းဆိုတာ ရုပ်၊ ရုပ်ဆိုတော့လဲ ခန္ဓာငါးပါးနဲ့ ဆွေမျိုးပါဘဲ။ ခံစားတဲ့ ၊မှတ်သားတဲ့ ၊ ပြုပြင်တဲ့  ၊စေ့စော်တဲ့  သင်္ခါ၇က်ခန္ဓာဆိုတဲ့  စေတသိတ်တွေ ဒါတွေကို လက်ခံနေတာဟာ ဒါတွေနဲ့  အဆက်အသွယ်လုပ်ထားတာ။ အဲ့ဒီ အဆက်အသွယ်တွေကို ဖြတ်တောက်ပစ်၇မယ်။ သူ့ ဟာနဲ့ သူရှိပလေ့စေ။ ဝေဒနာတွေက သူ့ ဟာနဲ့  သူရှိပလေ့စေ။ ပြုလုပ်မှုတွေက သူ့ ဟာနဲ့ သူရှိပလေ့စေ။ မှတ်ဥာဏ်ကလည်း သူ့ ဟာနဲ့  သူမှတ်နေတာ ကိစ္စမရှိဘူး။ ဒါပေမဲ့  ကိုယ်ကတော့ မသိရဘူး။ ကိုယ်က ပူတယ်၊ နာတယ်၊ ကျင်တယ်၊ ဒီလို သိနေ၇င် ကြံ၇ာပါ ဖြစ်နေဘီ။ ခန္ဓာငါးပါးချင်း အဆက်အသွယ် လုပ်နေဘီ။ ခန္ဓာငါးပါးက ခန္ဓာငါးပါးကို သံယောဇဉ်တွယ်နေဘီ။ လူ.. လူချင်း၊ လူနဲ့  တိ၇ိစ္ဆာန်နဲ့ သံယောဇဉ်တွယ်သလိုတွယ်နေဘီ။ ဖြစ်တာလဲ ခန္ဓာငါးပါး၊ သိတာလဲ ခန္ဓာငါးပါး၊ သိတာလဲ ခန္ဓာငါးပါး၊ အဲ့ ဒီ ခန္ဓာငါးပါးတွေကို ခန္ဓာငါးပါး အချင်းချင်း သံယောဇဉ်ငြိတွယ်နေတာကို စွန့် လွှတ်ရမယ်။ သံယောဇဉ်ကို ဖြတ်၇မယ်။ ကိုယ့်သားသမီး သဘောမတူသူနဲ့ အိမ်ထောင်ပြုလို့  မိဘက မရမက လိုက်ခွဲသလိုမျိုး .. လူချင်းခွဲတာ မဟုတ်ဘူး။ လူနှစ်ယောက်ကို ဆက်သွယ်ထားတဲ့  သံယောဇဉ်ကို ဖြတ်တောက် သလိုမျိုး။ အခုဟာကလည်း ဖြစ်တာတွေကိုလည်း မဖျက်စီးဘူး။ သိတဲ့  စိတ်ကိုလည်း မဖျက်စီးဘူး။ ဒီနှစ်ခုကြားထဲက သံယောဇဉ်ကို ဖြတ်ပါတယ်။ သံယောဇဉ်ကဘာလဲ ဆိုတော့ လိုက်သိနေတာဟာ သံယောဇဉ်ကြောင့် ။ ဘယ်သူဘယ်ရောက်နေတယ်… ဘယ်သူဘာအလုပ်လုပ်တယ် ဆိုတာက သံယောဇဉ်ရှိနေလို့  ကိုယ်သံယောဇဉ်မရှိတဲ့ သူကို ကိုယ်မသိတဲ့ သူကို ဘယ်ရောက်နေတယ်၊ ဘာဖြစ်နေတယ်၊ ဘယ်လိုလုပ်သိပါ့မလဲ ။ ကိုယ်သိနေတာတွေက ကိုယ်သံယောဇဉ်ရှိနေတာတွေ။ အဲ့ ဒီမမြင်ရတဲ့  သံယောဇဉ်နှောင်ကြိုးကို ဖြတ်ပါတယ်။ ဘယ်လိုဖြတ်ရမလဲ ဆိုတော့ ဘာမှမဟုတ်ဘူးသာ ရွတ်နေလိုက်။ ဘာမှမဟုတ်တာကို သိတာ။ ဘာဘဲညာဘဲ သိနေရင် ဒါဟာ တဏှာအသိဖြစ်နေပြီ။ ဘာဘဲ ညာဘဲ ဆိုတဲ့  အသိတွေကို ဆန့်  ကျင်နေရင် ၊ လက်မခံရင် သံယောဇဉ်ကို ဖြတ်တာဘဲ ။ ဖြတ်ပါများရင် ပြတ်ရော… မဖြတ်လို့ မပြတ်တာ။ ဖြတ်ရင် မပြတ်စရာ မရှိဘူး။ အခုဦးဇင်းတို့ စိတ်အကြောင်း ပြောနေတာ မဟုတ်ဘူး။ စိတ်ကိုစိတ်မ၀င်စားလို့ စေတသိတ်အကြောင်း ပြောနေတာ မဟုတ်ဘူး။ ရုပ်အကြောင်းလဲ ရုပ်က ဘယ်နှစ်ပါးရှိတယ်ဆိုတာ ပြောနေတာ မဟုတ်ဘူး။အဲ့ ဒါတွေကို စိတ်မ၀င်စားဘူး။ စိတ်ဝင်စားလို့ သံယောဇဉ်ဖြစ်နေရင်လည်း (လူ့ လောကကြီး သံယောဇဉ်ဖြစ်နေရင်လည်း ဘယ်သူကတော့ ဘယ်လို လုပ်ပြီးတော့မှ ဘယ်လိုဖြစ်သွားတယ်) ပုံပြင်တွေ စိတ်ဝင်စားရင် ဟိုးရှေးရှေးတုန်းက ဘယ်သူဘယ်ဝါဆိုတာ လာမှာဘဲ … အဲ့ ဒါတွေကို ငြိတွယ်နေလို့ အဲ့ ဒီငြိတွယ်မှု သံယောဇဉ်ကို ဖြတ်ရမယ်။ သိနေရင် ဒါဟာ သံယောဇဉ် အသိဘဲ ။ နာလိုက်တာ ဆိုတာဟာ နာတာကြီးကို သံယောဇဉ်မပြတ်တာ။ ကြောက်လိုက်တာ ဆိုတာဟာ ကြောက်တာကြီးကို သံယောဇဉ်မပြတ်တာ။ ကြောက်စရာအာရုံကြီးကို သံယောဇဉ် မပြတ်တာ။ ကြောက်တဲ့ စိတ်ကို သံယောဇဉ်မပြတ်တာ။ လက်မခံနဲ့ … ဘာမှမဟုတ်ဘူးသာ ရွတ်နေလိုက်.. ဒါအလွယ်ဆုံးပြောလိုက်ရင်တော့ ဘုရားပေါင်းစေချင်တာနဲ့ ပေါင်းလိုက်တာ.. မိဘရဲ့  အလိုဆန္ဒကို လိုက်နာတဲ့ အနေနဲ့  မိဘပေးစားတာနဲ့  ယူသလို၊ ကိုယ်ကြိုက်တာကိုယ်မယူဘဲ ၊ခုဟာလဲ ကိုယ်ပေါင်းချင်တဲ့ ဘာဘဲ ညာဘဲ ဆိုတဲ့အသိတွေနဲ့  မပေါင်းဘဲ ဘုရားပေးစားတာနဲ့ (ဘုရားက ဘာနဲ့ မှ မပေါင်းစေချင်ဘူး၊အဲ့ တော့ ဘာနဲ့ မှ မပေါင်းနဲ့ တော့။ နဂိုပေါင်းနေကျ အာရုံတွေကိုရော… ကိုယ့်ရဲ့ စိတ်ကိုရော.. ဘာမှမဟုတ်ဘူးသာ သဘောထားလိုက်.. ဒါဘုရားပေါင်းစေချင်တာနဲ့ ပေါင်းပါဘီ။ ကိုယ်ပေါင်းချင်နေတာကို စွန့် ပါဘီ။ ဘာမှမဟုတ်ဘူးလို့ သာ မပြတ်တရစပ် ရွတ်နေခြင်းအားဖြင့် ဘုရားအလိုကို လိုက်နေလိုက် .. ဒါသင်္ခါရ တရားမှန်သမျှ ဘုရားက အနိစ္စ၊ ဒုက္ခ၊အနတ္တလို့ ပြောတာဘဲ .. အနိစ္စ၊ ဒုက္ခ၊အနတ္တဆိုတာက ဘာတွေညာတွေမဟုတ်တာကို အနိစ္စ၊ ဒုက္ခ၊အနတ္တလို့  ပြောတာဘဲ ။ ဘာမှမဟုတ်တာကို အနိစ္စ၊ ဒုက္ခ၊အနတ္တလို့ ပြောတာဘဲ။ ဘာမှမဟုတ်တာ မရှိတာက နိဗ္ဗာန်။ တကယ်ရှိတာက နိဗ္ဗာန်။ စိတ်၊ စေတသိတ်၊ ရုပ်က သင်္ခါရတရား၊ အဖြစ်တရား။ အရှိတရား မဟုတ်ဘူး။ ဘာမှ ဖြစ်နေတဲ့ တရားမဟုတ်ဘူး။ ဖြစ်ရုံသက်သက်လေး ဖြစ်နေတဲ့ တရား။ အဖြစ်တရား။ အဲ့တော့ အဖြစ်တရားကို အရှိတရား မလုပ်နဲ့ ။ နာလိုက်တာ.. ကျင်လိုက်တာဆိုရင် သင်္ခါ၇တရားကို အရှိတရားလုပ်ပြီ။ ဘုရားဟောကို ပယ်ပြီ။ အနိစ္စ၊ ဒုက္ခ၊အနတ္တကို နိစ္စ၊ သုခ၊ အတ္တလုပ်ပြီ။ အဲ့ တော့ ဘုရားစကားနားထောင်ပါ။ ဖြစ်၊ ပျက်ရှု ဆို၇င် မိုးကုတ်ဆရာတော် ဘုရားကြီးစကားကို နားထောင်ပြီ။ ဖြစ်ပျက်လို့ သဘောထားတာက မိုးကုတ်ဆရာတော် ဘုရားကြီးထားစေချင်တဲ့ သဘောထား။ အခုဟာက ဘယ်လိုမှ သဘောမထားနဲ့ ။ ဖြစ်ပျက် ဆိုရင် ဖြစ်ပြီး ပျက်နေ၇တာကို ငြိတွယ်နေပြီ။ လူ့ ဘ၀ကြီး မွေးလိုက်သေလိုက်ဘဲ ။မွေးနေ၊ သေနေရတာကို သဘောကျနေတာပေါ့။ အဲ့ ဒါကြောင့် မွေးနေ့ တွေ ကျင်းပနေတာပေါ့။ မွေးနေရတာကို သဘောကျနေတာပေါ့။ မွေး၊သေ ရှိရင် မွေးတာကို သဘောကျမယ်။သေတော့လဲ ကိုယ့်မိသားစုက လွဲရင် ကျန်တာတွေက (ဘုန်းကြီးပြန်တောင်မှ ပျော်ပွဲ၊ ရွှင်ပွဲတွေ ကျင်းပလို့ ၇သလိုသေတာကို သဘောကျနေပြီ။ဘာလို့ လဲဆိုတော့ ကိုယ့်အတွက်တော့ ပျော်စရာဖြစ်တာကိုး..) သူများသေသွားတော့ ကိုယ်ဖဲရိုက်လို့ ရတယ်ဆိုတာက ဖဲသမားတွေအတွက်ကတော့ သေတာကို ပျော်စရာဖြစ်တာကိုး.. ။ မွေးနေ့ ဆို၇င်မွေးနေ၊ သေနေရတာကို သဘောကျနေလို့ .. သေတယ်ဆိုတာကလည်း သေတာကို သဘောကျနေပြန်ရော.. ဒါကြောင့် ဦးဇင်းက ဘာပညတ်မှ မတပ်ရဲတော့ဘူး။ တပ်လိုက်ရင် အဲ့ ဒါတွေကို သွားငြိမှာစိုးလို့ ။ဘာပညတ်မှ မတပ်တာကိုဘဲ ဘာမှမဟုတ်ဘူးလို့ ပြောပါတယ်။ လူ့  လောကကြီးမှာ နာ၇ီ၊ မိနစ်၊ စက္ကန့် ၊နေ့ ၊ရက်၊လ၊ နှစ်တွေ အမျိုးမျိုးဖြစ်ပြီး အမျိုးမျိုးပျက်နေတာ .. အဲ့ ဒါတွေကို သိနေတော့ ဖြစ်ပျက်ကို သိနေတာ ။ေ၇ာဂါတွေ အမျိုးမျိုးဖြစ်နေတာ။ နံမည်ကြီးဇာတ်ကောင်တွေ အမျိုးမျိုးပေါ်ပေါက်လာတာတွေ။ ပြီးတော့ အကုန်ပျောက်ကုန်တာဘဲ ။အဲ့ ဒါဖြစ်ပျက်ဘဲ။ အဲ့ လိုသိနေ၇င် အဲ့ ဒါကို ငြိနေတာ။ ဦးဇင်းတို့ လဲ ငြိခဲ့ တယ်။ သေရတာချင်းအတူတူ.. ဗိုလ်ချုပ်အောင်ဆန်းလို နံမည်တစ်လုံးနဲ့ သေရတာဟာ အသက်ရှင်ရတာထက် မြတ်သေးတယ်.. ဒါဟာ ဖြစ်ပျက်ကို သဘောကျတာပါဘဲ ။ ဒီလို သေချင်ရင် ဒီလိုသေအုံးမှာဘဲ။ ဖြစ်ပျက်ဆို၇င်တော့ ငြိအုံးမှာဘဲ။ အဲ့ တော့ ဘာမှမဟုတ်ဘူး.. ဘာတွေ၊ညာတွေ မဟုတ်ဘူး။ ဘာမှမဟုတ်တော့ တဏှာက ဘယ်ချောင်မှ ကပ်စရာမရှိဘူး။ တဏှာဆိုတာ ရောဂါလိုဘဲ ။ သွေးရှိတော့ သွေးကင်ဆာ၊ နှလုံးရှိတော့ နှလုံးရောဂါ၊ computer ရှိတော့ virus ဆိုတာပေါ်လာတာပါဘဲ ။ တဏှာကတော့ ရှိရင် လိုက်ပြီးတော့မှ တွယ်ကပ်နေမှာဘဲ ။ ခွေးရှိတော့ ခွေးသန်း၊ ခွေးရူးေ၇ာဂါတွေ၊ အိမ်ရှိတော့ အိမ်မြှောင်။ ၇ိပ်သာရှိတော့ ယောဂီရှိသလို။ ယောင်္ကျားရှိတော့ မိန်းမရှိသလို . ရှိတာကို လိုက်ပြီးတော့မှ ငြိတွယ်မှာဘဲ… ဘာမှမရှိမှ တဏှာ အန္တ၇ာယ်က ကင်းမယ်။ ဒါကြောင့်ဘာမှ မဟုတ်ဘူး။ ဘာကိုမှ လက်မခံခိုင်းဘူး။ ဘာတွေညာတွေ လက်ခံ၇င် ဘာတဏှာ ညာတဏှာတွေ ဖြစ်နေပြီ။ စကားလုံးတောင် တဏှာဖြစ်ပါတယ်ဆို… စကားလုံးဆိုတာ တကယ်ရှိတာ မဟုတ်ဘူး။ ဖြစ်ပျက်ဆိုတဲ့ စကားလုံး ကြားပါများတော့ ဖြစ်ပျက်မှ တရားဖြစ်ရော…. ဖြစ်ပျက်မဟုတ်ရင် တရားမဟုတ်တော့ဘူး ဖြစ်ရော.. ဒါဟာ စကားလုံးကို တဏှာဖြစ်တာပေါ့။ ပရမတ်တော့ မပြောနဲ့  ။ထာဝရဘုရားဆို စကားလုံးဘဲ ရှိတာဘဲ .. အဲ့ဒီ စကားလုံးကိုဘဲ တဏှာဖြစ်နေပြီ။ အရူးအမူးစွဲလမ်းနေပြီ။ တဏှာက သိပ်ကြောက်စရာကောင်းတယ်။ ဘာမှမရှိရင်.. စကားလုံးဘဲ ရှိရင် စကားလုံးစွဲပြီ။ အမှန်တရားဆိုတဲ့ စကားလုံးရှိတော့ အမှန်တရားဆိုတဲ့ စကားလုံးကြီးစွဲပြီး အမှန်တရားကို လိုက်ရှာတယ်။ အချစ်စစ်ဆိုတဲ့ စကားလုံးကြီးစွဲပြီး အချစ်စစ်ကို လိုက်ရှာတယ်။ ဘယ်တော့မှ မတွေ့ ဘူး။ ချစ်ချင်နေရင် ဒီအချစ်က မစစ်ဘူး။ လုပ်ယူတဲ့ အချစ်က မစစ်ဘူး။ စွန့် ယူတဲ့ မေတ္တာကမှ စစ်ပါတယ်။ စစ်တယ်ဆိုတာ ဘ |
|