maythet's posts with tag: tranquility
သမထကုသိုလ်ပိုင်းဆိုင်ရာက အားနဲတဲ့အတွက် အဲ့ဒါတွေနဲ့  အချိန်မကုန်စေချင်ပါ။ သမထ က စိတ်မချရပါ။ ၀ိပဿနာကုသိုလ်နဲ့ သမထကုသိုလ်က ဘယ်လိုမှယှဉ်လို့ မရအောင် အားကြီးလို့ အကောင်းဆုံးအလုပ်ဖြစ်တဲ့  ၀ိပဿနာကို အဓိက ထားစေချင်ပါတယ်။ ရှင်းလို့ မရတာမှန်သမျှ ၀ိပဿနာနဲ့ ရှင်းရင် အကုန်ပြေလည် အောင့် ရှင်းနိုင်ပါတယ်။ ဘာသာေ၇း။ဘာသာခြား ပြဿနာတွေက အစ...အိမ်ထောင်ရေး၊လူမှု အရေး အဆုံး ရှင်းနိုင်ပါတယ် ။ ၀ိပဿနာကို ယှဉ် နိုင်တာ ဘာမှမရှိလို့ ရယ်... သမထပိုင်းဆိုင်ရာကို အားနဲတဲ့ ကုသိုလ်ဖြစ်လို့ ရယ်... သမထပိုင်းဆိုင်ရာကစိတ်မချရလို့ ရယ်... တွေကြောင့် ..သမထနဲ့ အချိန်ကုန်မခံစေချင်ပါဘူး။ ကျမတို့ တွေ တသံသရာလုံး သမထနဲ့ အချိန်ကုန်ခဲ့ တာ များပါပြီတဲ့ ။ အချိန်ကုန်ရကျိုးလဲမနပ်ခဲ့  ပါ ဘူး။ အခုလို သာသနာနဲ့ ကြုံတုန်း၊လူ့ ဘ၀လေးရတုန်း၊ ဒီလိုဆရာကောင်းန့ဲ့ ကြုံတုန်း ၀ိပဿနာကို စမ်းကြည့် စေချင်ပါ တယ်။ ၀ိပဿနာစစ်ရဲ့  အရသာ၊အားကြီးစွာ အလိုလို အကျိုးပေးမှုတွေကို တကယ်လက်တွေ့  လုပ်ကြည့် သူသာ သိနိုင်ပါတယ်။ ၀ိပဿနာကိုနားလည်သွား၇င် ဘယ်ဟာအရေးကြီးတယ် ၊ ဘယ်ဟာအမှန်တရားတွေဆိုတာအပါအ၀င် အားလုံးကို နားလည်သွားပါလိမ်. မယ်။ ၀ိပဿနာက အရမ်းခိုင်မာပါတယ်။ တကယ်မြဲတာသိလာရပါတယ်။တော်တော်လေးအကျိုးများလွန်းလို့ ပါ။ ကျမတို့ တွေ အချိန်မရှိတော့  ဘူးနော်။ ကျမ တခု အကြံ ပေးချင် တာက ဆရာတော့်  တရား တွေ သိပ်ရှင်းပါတယ်၊ နားထောင်ကြည့်  ပါနော် ။ http://venuottamasara.multiply.com/music
|